Articles Comments

လေးဝတီ » Archive

ရခိုင်ပြည်မြောက်ဦး ယှိဟောင်းသမိုင်းဝင်တောင် စစ်တပ်ကရောင်းစား

  သို့  ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင် ရခိုင်ပြည်ဝန်ကြီး ဦးလှမောင်တင် RNDP ပါတီဥက္ကဌ ဒေါက်တာဦးအေးမောင် ALD ဥက္ကဌ ဦးအေးသာအောင် ရက္ခဝံလက်ဖေါင်ဒေးရှင်းဥက္ကဌ ရခိုင်ပြည်ဥပဒေအဖွဲ့ ချုပ် ရခိုင်ပြည်လူငယ်ကွန်ယက်အဖွဲ့  ရခိုင်ပြည်လူ့အခွင့်အရီးနန့် သဘာဝရင်းမြစ်စောင့်ရှောက်ရီးအဖွဲ့  မြောက်ဦးလူငယ်ကွန်ယက် ရက္ခအလင်းတန်းအဖွဲ့  တခြားအဖွဲ့ အစည်းအားလုံးကို လေးဝတီ အေဒီတာက တဆင့် တောင်းဆိုတင်ပြအပ်ပါသည်။ အကြောင်းအရာ။                     ။ ရခိုင်ပြည် မြောက်ဦးမြို. ယှိဟောင်းသုတေသန နယ်မြေဟိ တောင်ကုန်းတိကို စစ်တပ်က ဖြိုခပနာ တူးယူနီရေကိစ္စဖြစ်ပါရေ။ ရခိုင်ပြည် မြောက်ဦးမြို. အယှိမြောက်ဖက် ဆင်အိုးလမ်းနန်. မကျန်ကုန်းတောင်အကြား ၊ သကျမာရ်အောင် အယှိတတည်. ယှိဟောင်းသုတေသန နယ်မြေ ကျောက်မဲတောင်ကုန်းကို မြောက်ဦးမြို.အခြေစိုက် ခမရ (၅၄၀) စစ်တပ်မှ တပ်ကြပ်ကြီး အဆင်.ဟိ တပ်ကြပ်မြင်.ထွန်းက တူးဖော်ပနာ ရောင်းစားလို့ဟိနီပါရေ။ ယင်းသူရောင်းစားလိုက်လို. ပုံမှာမြင်ရရေအတိုင်း ကျောက်မဲတောင်ကုန်းရေ တတိပြုန်းလားခပါယာ။ယင်းကိစ္စကို မြောက်ဦးမြို. ယှိဟောင်းသုတေသနဌာနက စစ်တပ်နန်.အပေါင်းအပါတိ လုပ်ဆောင်ထားမှူကြောင်. တားဆီးခြင်း ၊ ပြောဆိုခြင်းများမဟိပါ။ ၄င်းအတိုင်း ပြောဆို ဟန်.တားဖို.လူမဟိရေအတွက် တပ်ကြပ်ကြီးမြင်.ထွန်းရေ သူ.စိတ်ကြိုက်တူးဖေါ်ရောင်းချလို့ ဟိနီပါရေ။ ၄င်း ခမရ (၅၄၀) စစ်တပ်က တပ်ကြပ်ကြီးမြင်.ထွန်းရေ ကုလားတိကိုလေး ဆန် ၊ ဆား ၊ အာလူး အစဟိရေ ရိက္ခာတိလေး မြောက်ဦးမြို.နယ် ပေါင်းတုတ်ကျေးရွာ နန်. ပုရိန် ကုလားရွာတိက ကုလားများကို ပို.ဆောင်ရောင်းချလို.ဟိနီပါရေ။ ယင်းတပ်ကြပ်ကြီး မြင်.ထွန်းရေ ရခိုင်ပြည်အတွင်း ဒုတိယအကြိမ် အဓိကရုဏ်းဖြစ်မှူတွင် ရခိုင်သူ / ရခိုင်သား များအား သီနတ်ဖောက် ခြိမ်းခြောက်မှူတိ ပြုလုပ်ခလို. ယင်းသီနတ်ကျည်ဆံက အနားမှာဟိရေ ကျောက်ခဲကို လားပနာကျစွာက ယင်းကျောက်ခဲစိုင်လားခစွာရေ မြောက်ဦးမြို. အလယ်ဈီးရပ်ကွက်မှာနီရေ ကျော်စိန်မောင် ဆိုရေလူဧး ခြီထောက်ကိုကျလားခလို. ဒဏ်ရာအနာတရ ရဟိမှုကို လုံးဝအရေးမစိုက်ဘဲ ထားခပါရေ။ယင်းအပြင် (၂၁-၄-၂၀၁၃) ရက်နိန့် မိုးသောက်ဖက် … Read entire article »

Filed under: ပီးစာ

မဟာစင်မုန်းတိုင်း နက်ဖန်စောစော ဘင်္ဂလာကိုဖြတ်ဖို့ တရားဝင်ကြေညာ

မေလ(၁၆)ရက် မိုးထစောစော မဟာစင်လို့ နာမေပီးထားရေ မုန်းတိုင်းကြီးရေ မြန်မာနိုင်ငံကို ထားပစ်ခပနာ ဘင်္ဂလာချေ့် နိုင်ငံသို့ အရှိန်ပြင်းစွာနန့်  ဖြတ်ကျော်လားဖို့လို့ ဘင်္ဂလာအစိုးရ မိုးလီဝါသနန့် ဇလဗေဒဌါနက တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း လေးဝတီကသတင်းရဟိပါသည်။ မုန်းတိုင်ဖြတ်ကျော်စဉ်အတွင်း တနာရီကို မိုင်(၈၀-ကနီ ၉၀ )နုန်းနန့် လီပြင်းတိုက်ခတ်လာနိုင်ကြောင်း လီပြင်းနန့်အတူ အမြင့်ပေ(၅-ပေကနီ ၇-ပေ)ထိ ရီပါ တက်လာနိုင်ရေလို့ ကြေညာချက်မှာဆိုသည်။ အဓိကဖြတ်ကျော်လားဖို့နီရာတိက မြစ်ကမ်းနားဒေသတိဖြစ်တေ တက္ကနာ ဖလောင်းချစ် စစ်တကောင်းမြို့   ဘောရီးချတ်(ခေါ်) ဘင်္ဂလားအဝကျွန်း (ကံဆိပ် ရခိုင်လူမျိုးတိနီထိုင်ရေ) ဒေသတိကို စိုးရိမ်သတိပီးချက်အမှတ် အနီရောင်အဆင့်(၇)ပီးထားကြောင်းနန့် မောင်လ(ခူလ်းနာ) ကမ်းခြီကို အဆင့်(၅)သတိပီးထားရေလို့ ဆိုပါရေ။ မဟာစင်မုန်းတိုင်းကိုရင်ဆိုင်ဖို့ ဘင်္ဂလာအစိုးရက ကြိုတင်ပျင်ဆင်ချက်တိနန့် ပတ်သက်လို့ လူ့အခွင့်အရီးစောင့်ရှောက်ရီး အဖွဲ့ဝင် ဖလောင်းချိတ်တာဝန်ခံ ကိုကျော်ဇောအောင်ကို လေးဝတီကမီးရေခါ ” အစိုးရက ကမ်းခြီဒေသတိကို အရီးစိုက်ပနာ ကယ်ဆယ်ရီးလုပ်သား ဆရာဝန် မုန်းတိုင်းအထူးသတိပီးရေ လက်ကိုင်မိုက် လော်စပီကာကြီးတိနန့် နာရီဝက်တခါ ကျေညာပြီးကေ လုံခြုံရီးအဖွဲ့ဝင်တိပါ ဆက်တိုက်ကူညီနီကတ်ပါရေ ပင်လယ်နားမာနီထိုင်ကတ်တေ လူတိကို ဘေးလွတ်ရာ ကယ်ဆယ်ရီး ဆိုင်ကလုန်စင်တာတိကို ပို့ဆောင်ပီးနီပါရေ ဈီဆိုင်တိနန့် ကွန်ပျူတာဆိုင်တိ ပိတ်နီကတ်ပါဗျာယ် လီကြောင်းပျံသန်းမှူတိကို ဂနိန့်ည(၄)နာရီကပင် တနိုင်ငံလုံး ပိတ်ဖို့လို့ ကျေညာနီပါရေလို့” ပြောသည်။ တနိုင်ငံလုံးဟိ ဆိုင်ကလုန်ဆင်တာတိကို အသက်ကြီးတိ အချေအငယ်တိနန့် ကျွဲနွားတိရစ္ဆာန်တိကို ပြောင်းရွှိနီကြောင်း ဗုဒ္ဓဘာသာရခိုင်လူမျိုးတိ နီထိုင်ရေ ဖလောင်းချိတ်ခရိုင် ကယုချောင်း မြစ်နားရွာ နီလာ ခြံချောင်း ဖလောင်းချိတ် မဟာဇော သော်ဒီဂျာ အစဟိရေ ရွာတိကို လူမျိုးရေးအရ သီးသန့်ကူညီပီးစွာတိ အားနည်းနီရေလို့ သူကဆက်ပြောပါရေ” ကျွန်တော်ရို့  ရခိုင်သားတိကို မုန်းတိုင်းအတွက် ကာကွယ်ပြင်ဆင်ဖို့  သီးသန့်လားရောက် ကူညီပီးစွာတိမဟိပါ ကိုယ်ရို့အသိနန့် ကိုယ်ရို့နီးစပ်တေ ကယ်ဆယ်ရီးစင်တာတိကို လားနီကတ်ပါရေလို့ ”ပြောလားပါရေ။ မုန်းတိုင်းသတိပီး ကျေညာစွာတိမာ ခြောက်သွိရေအစားအစာတိနန့် သောက်ရီဗူးကြီးတိကို ကိုယ့်အိမ်ခြံဝိုင်းမာ အနက်ပေ(၁)ပတ်လည်တူးပနာ ပလပ်စတစ်အထပ်ထပ်အုပ်လို့ မြီမြုတ်ထားဖို့ ဓါတ်မီး ဂစ်ဆ်မီးဆွဲ ခြုံထည်ပဆိုးပါးပါးချေ သတိပီးအနီရောင်အလံတခု ရီနံဆီမှန်အိမ်တလုံး သံပလွီတလုံး မိုဘိုင်းဖုန်းစရေစွာတိကို အားသွင်း ဆီဖြည့်ထားကတ်ဖို့ အိမ်နားကသစ်ပင်ကြီးတိကို ခွတ်ပနာရှင်းထားဖို့ ဝမ်းပျက်ရောက်ဂါ အတွက်ဆလိုင်ရည် ဖျော်သောက်ဖို့ ဆီးပစ္စည်းတိစုထားကတ်ဖို့ စရေ သတိပီးချက်တိနန့် ကျေညာပီးနီကြောင်းလေးသိရပါသည်။ ဘောရီးချတ်(ခေါ်)ဘင်္ဂလားအဝကျွန်းက ရခိုင်ဖွဲဖြိုးရီးဥက္ကဌ ကိုအေးမောင်ကို လေးဝတီကဆက်သွယ်ရေခါ ”ကျွန်တော်ရို့ အဝကျွန်းမာ နီကတ်တေ … Read entire article »

Filed under: သတင်း

Bengali settlers attack on indigenous villagers in connection to land grabbing in Lama

On 13 April 2013, a communal attack was made by Bengali settlers on Marma indigenous community in Choto Nonar Bill area of Lama upazila in Bandarban district. Total 14 people have been injured, and 2 indigenous villagers were arrested by military from that area. It is known that Thuinumong Marma wanted to make a boundary wall on his father’s land. But a group of miscreants of Md Abdul Ohab and Abul Khayer forbade to Thuinumong not to build a boundary wall. In this connection, Thuinumong filed a case against perpetrators on that day.  The case file number is 501, dated 13/04/2013. After filing a case when he went to his land, he saw the miscreants already broke the wall. When he went to protest along with community people, the Bengali settlers attacked … Read entire article »

Filed under: English

သက်ကြီးတော်လှန်ရီးသမားတိ နောက်ဆုံးနီဝင်ချိန်အတွက် နီထိုင်ဖို့အဆောင်အုတ်မြစ်ချ

ဘဝတိပီးဆပ်ပနာ တော်လှန်လာကတ်တေ ရခိုင်သက်ကြီးတော်လှန်ရီးသမားတိ ဘဝနီဝင်ချိန်မာတောင် ဒူးမထောက်လက်မမြောက်ဘဲ ရန်သူစစ်အစိုးရကို တော်လှန်ခကတ်တေအတွက် ယင်းတော်လှန်ရီး သက်ကြီးတိ နီထိုင်ဖို့ အဆောင်တခုကို လွန်ခရေမေလ(၁၀ )ရက်နိန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်  ထိပ်ကျင်းတောင် စေတီနားမာ အုတ်မြစ်ချ အခန်းအနားတခုကို အောင်မြင်စွာကျင်းပ ပြီးစီးခရေလို့ သတင်းရဟိပါသည်။ အေဂုအချိန်မာ ရခိုင်မျိုးချစ်ပြည်ချစ် လူငယ်မျိုးဆက်သစ်တိဖြစ်တေ ဂျပန်အခြီစိုက် (ARG) အဖွဲ့က စတင်ထောက်ပန့် ကူညီခလို့ လွန်ခရေ (၁၆။၎။၂၀၁၂)နှစ်က သက်ကြီးတော်လှန်ရီး သမားတိကို ဂုဏ်ပြုလက်မှတ်အပ်နှင်းပွဲ တခုကိုလည်း ဖလောင်းချိတ်မြို့ မာ ကျင်းပလီကတ်ပါရေ ယင်းကျင်းပရီးတာဝန်ခံတိက ရခိုင်သက်ကြီးတော်လှန်ရီးသမားတိကို စောင့်ရှောက်ကူညီရီး ဖေါင်းဒေးရှင်းတခုနာမေနန့်  ဦးဆောင်ပနာ အလျှားပေ(၄၀)အနံ(၁၆)ပေ ဟိရေ အဆောင်သစ်ကိုအုတ်မြစ်ချရေလို့  စီစဉ်သူအဖွဲ့က အတွင်းရေးမှူး ကိုကျော်မြင့်ကလေးဝတီကို ပြောသည်။”ကျွန်တော်ရို့ က ရခိုင်တော်လှန်ရီးကို ဘဝတိပီးဆပ်ပနာ တိုက်ပွဲဝင်ခရေ ရခိုင်သက်ကြီးတော်လှန်ရီးသမားတိရေ ထိုဘုန်းကြီးကျောင်းမာသီဆုံး အေရွာမာသီဆုံးလားကတ်ပါရေ ယင်းအတွက်ကျွန်တော်ရို့ မျိုးဆက်ရခိုင်လူငယ်တိမာ စောင့်ရှောက်ရဖို့ လူတိုင်းမာတာဝန်ဟိရေလို့ မြင်ရေအတွက် အေချင့်ကို လုပ်ဖြစ်ကတ်စွာပါ လက်ဟိအလှူရှင် တယောက် ဖြစ်တေ ဆွီဒင်နိုင်ငံနီ ဦးဘစောခင်နန့် ဒေါ်နုကြည်ရို့က တာကာငွေတသိန်းတိတိ လှူဒါန်းငွေနန့် မတည်ပနာ အေအုတ်မြစ်ချအခန်းအနားကို ပြုလုပ်တေလို့” ပြောပါသည်။ ယင်းအဆောင် ဆောက်ဖို့အတွက် ဖလောင်းချိတ် ရခိုင်ဘုရင်လက်ထက်က အောင်ချမ်းသာမြို့  တောင်ရွာသားတိ အားလုံးကူညီပနာ မြီနီရာပီးရေအတွက် လုပ်ရလွယ်ကူလားရေလို့လေးသိရပါသည်။ ဆက်လို့ ”ကျွန်တော်ရို့က လက်ဟိ အိန္ဒယနိုင်ငံနန့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက သက်ကြီးတော်လှန်ရီးသမားတိကို အသက်(၆၀)ကျော်ဆိုကေ လက်ခံလားပြီး ကူညီစောင့်ရှောက်လားပါဖို့ တတ်နိုင်ရေ စေတနာရှင်တိပါးက အေနိုင်ငံမာ အလှူခံဖြတ်ပိုင်းတိနန့် အလှူခံပါဖို့ နိုင်ငံတကာနန့် ပြည်တွင်းကိုကျကေ တရားဝင်စာပို့လို့ အလှူခံလားပါဖို့” လို့ ‘ရှင်းပြပါရေ။ တသီးပုဂ္ဂလ အလှူရှင်တိ အနိန်နန့် ဇာသူမဆို တိုက်ရိုက်ဆက်သွယ် လှူဒါန်းဖို့ ယင်းဖေါင်ဒေးရှင်းက ထုတ်ပြန်ထားရေ စာမာဖေါ်ပြထားကြောင်းနန့် လက်ဟိရခိုင်သက်ကြီးတော်လှန်ရီး သမားတိကိုစာရင်းကောက်ယူနီရေလို့လည်းသိဟိရပါသည်။ စောသဇင် (ဖလောင်းချိတ်) EAF-PAD.pdf   … Read entire article »

Filed under: သတင်း

24 နာရီအတွင်း ရခိုင်ကမ်းရိုးတန်းနန့် ဘင်္ဂလာဒေခ်ျ့ ကို မဟာစင်မုန်တိုင်း ဖြတ်နိုင်

  May(13)။     ။။မိုးလေဝါသနန့် ဇာဗေဒတိုင်းထွာချက်အရ ဘင်္ဂလာပင်လယ်ပြင်မာ လွန်ခရေ(၂)ရက်နိန့်ကပင် လေဖိအားရပ်ဝန်းကြီးတခု ဖြစ်ပေါ်နီရာက အဂုအခါ မဟာစင်လို့ နာမေပီးခံရရေ မုန်တိုင်းတခုရေ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနန့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပင်လယ်ကမ်းစပ် ဒေသတိကို (၂၄)နာရီအတွင်း ဖြတ်သန်းလားနိုင်ရေလို့ မြန်မာရုပ်သံ ရေဒီယို တိမာ အဆက်မပြတ်ထုတ်လွှင့် ပြသနီရေလို့ ပြည်တွင်းကလာရေ သတင်းတိအရ သိရပါရေ။မန်ဟုတ်ညပြင်းချေနန့် ဝင်ရောက်လာဖို့ ယင်းမဟာစင် မုန်တိုင်းကြောင့် လီတိုက်နှုန်းရေ တနာရီကို (၉၀)ကနီ (၁၀၀)ထိ တိုက်ခတ်နိုင်ရေလို့ ဘင်္ဂလာဒေခ်ျ့ ရုပ်သံတိမာ ဖေါ်ပြထားပါရေ မုန်းတိုင်းဖြတ်သန်းလားနိုင်ရေ နီရာတိမာ ဘင်္ဂလာအစိုးရက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကမ်းရိုးတန်းတယှောက်မာ ခိုင်မာရေ ဆိုင်ကလုန်ကယ်ဆယ်ရီး နှစ်ထပ်ကနီပနာ လေးထပ်ထိ အားလုံးမာဆောက်လုပ်ပြီးစီးထားကြောင်း မုန်းတိုင်းဝင်ရောက်လာပါက ယင်းအဆောက်အဦးသို့ လားရောက်ခိုလှုံဖို့လေး တိုက်တွန်းထားရေလို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက လူအခွင့်အရီးအဖွဲ့ လှုပ်ယှားနီရေ မသောင်းချစ်စိန်က လေးဝတီကို အေဂုပိုင်ပြောသည်။” အကျွန်ရို့ နီထိုင်စွာက တောင်တန်းဒေသဆိုခါ ပြဿနာမဟိပါ ပင်လယ်ကန်းရိုးတန်းမှာ နီထိုင်ကတ်တေ တက္ကနာ မြစ်နားရွာ ညလား ဖလောင်းချိတ် မဟားဇော သော်ဒီဂျာ ယင်းရွာတိမာလေး ဆိုင်ကလုန်ဆိုင်တာရ် တိကို ဘင်္ဂလာအစိုးရက နိုင်ငံခြားအကူအညီတိနန့် အခိုင်အမာဆောက်ထားလို့ ယင်းလောက် မစိုးရိမ်ရပါ ပင်လယ်ပြင်ထွက် ငါးဖမ်းရီလုပ်သားတိကိုလေး မထွက်ဖို့ တားဆီးထားပါရေ လွန်ခရေ နှစ်တိက ပျက်စီးလားစွာနန့် ပြောရဖို့ဆိုကေ ပင်လယ်နားမာနီရေ ကုလားတိက အရေးမစိုက်ပါ ဆိုင်ကလုန်ဆိုင်တာတိကို မလားကတ်ပါ ယေနန့် အပျက်အစီအသီအပျောက် များလားစွာပါ”လို့ ယှင်းပြပါရေ။ ရခိုင်ပြည် မောင်တောမြို့ ခံတယောက်ကိုဆက်သွယ်ရေခါ သူကလေး ”အေဖက်မာ ဖြစ်ကေတော့ အစိုးရကယ်ဆယ်ရီး အဆောက်အဦးမဟိပါယေ ဖြစ်တေပိုင် နီးစပ်တေဘုန်းကြီးကျောင်းတိနန့် အိမ်ကြီးတိကို တက်ပြီူးကတ်စွာပါယေ အယင်တခါ ဂီရိခါလေး တနာရီကိုမိုင်(၃၀) စိုးရိမ်စရာမဟိဆိုပနာ အားလုံးသီဆုံးပျက်စီကတ်ပါရေ  မှတ်မှတ်ရရ အကျွန်ရို့ အချေခါ မေလ(၁၀) ရခိုင်ပြည်မာ ငမန်းရဲကျွန်းမာ စလို့ တိုက်စွာပါယေ အရာဂီရီ အေနှစ်ခါ အသီအပျောက်အများဆုံးပါ အစိုးရက အေဂုထိ တခုလေးလု   ပ်စွာကားမဟိပါ ပိုဆိုးစွာက ဘင်္ဂလာဒေခ်ျ့ ဖက်က ကုလားရန်ကြောက်လို့ ထွက်ပြီးလာရေ လူတိနန့် မီး တိုက်ဖျက်ဆီး ခံရရေ ရခိုင်တိ တဲ့အဆင့်နန့် နီကတ်တေခါ ဇာကိုပြီးရဖို့မှန်း မစိုင်းစားတတ်ပါဗျာယ်” လို့ ပြောပါရေ။ အိမ်နီးချင်းကပ်နီရေ ဘင်္ဂလာနန့် မြန်မာနိုင်ငံရို့ မုန်းတိုင်းကာကွယ်ရီး စနစ်တိ … Read entire article »

Filed under: သတင်း

အရောက်လာပါမေ အမင်

            အနန္တဂိုဏ်းဝင်အမင် အချစ်ကရုဏာအသျှင် ဇီသျှင်အခါတစ်ရာတင် ကျေးဇူးဝဠာကြွီအောင်ဆပ်လို့ပင် ကျီလီဖို့မထင်ပါ…..အမင်။ ထာဝရအလင်းရောင်သခင် အပြုံးတချက်ချေမမြင် လပြည့်ညဥ့်ကိုပင် လမိုက်နီရေအထင်နန့် သုခအပြင်တစ်နီရာက သောကမွိ့ရာထက်မာ အီးမြရေမထင်လေ့ မောဟစိတ်မွန်းကျပ်ပနာ   လွမ်းလို့ကမ၀ပါ…..အမင်။ ဇာနီရာရောက်ပနာ ဇာလောက်ပင်ပန်းလို့ ဇာလီပင်တိုက်တိုက် တစိတပွေချေပင် မသီချာရေဆန္ဒချေတိ မျိုးရွင့်နီရေစိတ်ကူးအာကာမာ အမင့်မျက်နှာချေကိုရာမြင် အားဆီးအမှန်ပါ….. အမင်။ဝီးခရဗျာလ်အမင် တစ်သက်လုံးမခွဲခွါချင် ထားပစ်ခရကေလေ့ အသိစိတ်ထဲမာအမင် အမင့်ရင်ခွင်အပြင် အားတင်းခရီးဆက်ယင်းပင် မအားရေခြီလှမ်းချေတိ တလှမ်းချင်းစီလျှောက်လှမ်းပနာ အမင့်မေတ္တာရိပ်အောက်ကို မရောက်ရောက်အောင် တစ်ခေါက်လောက်တော့ခါ အရောက်လာလတ်ပါမေ…..အမင်။။။။။ ခိုင်ထွီး အေနိကျရောက်တေ မိခင်များနိ အမှတ်တရ ဂုဏ်ပြု ကဗျာကို DVD ရခိုင်အစီအစိုင်ကနီ ကြားရလို့ ရွက်ပုန်းသီး ကဗျာဆရာ ကိုခိုင်ထွီးခွင့်ပြုချက်နန့် (လေးဝတီဝိုင်းတော်သားအားလုံး) အမင်ငတ်နီလူတိ အမင်ပျောက်နီလူတိ အမင်နန့် ဝီးနီရေလူတိ အမင်အားလုံး၏ အီးရိပ်ရင်ခွင်မာ ခိုလှုံနိုင်ပါစီလို့ ဆန္ဒပြုယင်း မှတ်တမ်းတင်အပ်ပါသည်။ … Read entire article »

Filed under: ကဗျာ

အကျွန်လိ့လာမိရေ ရခိုင်တော်လှန်ရီးလမ်း

တော်လှန်ရီးဆိုစွာဇာခါပင် စခပါလဲ????? တော်လှန်ရီးကို တော်လှန်ရေလူတန်းစားဆရာကြီးတိက ကမ္ဘာမာပထမဆုံး ကျွန်ပိုင်ရှင်စနစ်ကို တော်လှန်ရာကနီ စခရေလို့ မှတ်သားဖူးပါရေ။ယင်းနောက် ကမ္ဘာလူသားတိရေ လူနီမှူစနစ်တိ တိုးတက်ဖြစ်ပေါ်လာဂတ်စွာနန့် အညီ တော်လှန်ရီးအမျိုးမျိုးတိ ပေါ်ပေါက်လာရရေလို့ဆိုပါရေ။ ရခိုင်ပြည်တော်လှန်ရီးကို ဖေါ်ပြရဖို့ဆိုပါကေ ၁၁၄၆-ခုနှစ်မာ မကျေညာရေ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း ဝင်လို့သိမ်းရေ ဒီဇင်ဘာ(၃၁)ရက်နိကပင် မိုးလင်းစွာနန့် အယာမခံရေ ရခိုင်စစ်သည်ရဲမက်အပေါင်းတိက ရရာလက်နက်တိနန့် တော်လှန်ခရေ ဇန္နဝါရီ(၁)ရက်နိန့်ကို တော်လှန်ရေနိန့်လို့ ဆိုသင့်ပါရေ ယင်းကေလေး စနစ်တကျ တော်လှန်ခစွာကတော့ခါ ဗိုလ်ချင်းပျံ(ပြန်)ရာဖြစ်ပါရေ။ ယင်းကတဆင့် တော်လှန်ရီးမျိုးဆက်သစ်တိက ဘဝတိပီးဆပ်ပနာ ခေတ်အဆက်ဆက် တော်လှန်လာဂတ်ကေလေး မတူညီရေ အမြင်တိနန့် ခေတ်ရီစီကြောင်းပြောင်းလဲရေ ဒါဏ်တိမာအလူးအလဲခံ ရင်ကော့ပနာ မားမားမတ်မတ် ရပ်တည်လာကတ်တေဆိုကေ မှားနိုင်ဖို့မထင်ပါ ယေကေလေး မီးများမီးနိုင် ရီများရီနိုင်ဆိုရေ လောကဖြစ်စိုင် ဓမ္မာတိကို သံမဏိစိတ်ဓါတ် မဟာလူသား တော်လှန်ရီးသမားတိက အောင်မြင်မှူဆိုရေ သရဖူပန်းတိုင်ကို ဂနိန့်ထိ မလှမ်းနိုင်ခပါ။ ဗမာလက်အောက်ကပင် အင်္ဂလိပ်လက်အောက် ဂျပန်လက်အောက် အရာအင်္ဂလိပ်လက်အောက် ခေတ်အဆက်ဆက် သွီးပျက်ဖို့ကောင်းရေ ရခိုင်လူမျိုးတိရေ ကျွန် ဆိုရေ အသိတိနန့် ရှင်သန်ပေါက်ဖွါး စစ်တလင်းမြီပြင်အတိ ခံလာခကတ်ရပါရေ ယင်းနောက် အနောက်ဖက် မောင်တော ဘူးသီးတောင်တိမာ အရာ ကုလားပြဿနာ ရန်စကျူးကျော် မီးလောင်ဖျက်ဆီးခံခရပါရေ မြန်မာတနိုင်ငံလုံးမာ အင်္ဂလိပ်ကို စတော်လှန်ခရေ အာဇာဏီ ကျေးဇူးရှင်ပုဂ္ဂိုလ်ကား စစ်တွေမြို့ ဖွါး ဆရာတော်ဦးဥတ္တမပင် ဖြစ်ပါရေ ယေကေလေး ဆရာတော်နန့် ရခိုင်တော်လှန်ရီးသမားတိနန့် ခွဲရေးတွဲရေး ပြဿနာတိကြောင့် ဆရာတော်လေး စိတ်ပျက်ပနာ ဗမာပြည်ဖက်ကို ဆက်လက်တရားဟော ထွက်ခွါလားခပါရေ။ ယင်းနောက် ဂျပန်ကိုတော်လှန်ရေခါ အာဇာဏီဆရာတော် ဦးစိန္တာဂေါင်းဆောင်ခရေ တော်လှန်ရီးတရပ် ပေါ်လာပနာ ဘုံဘောက်သာကျော်ရို့တိပါ ပါဝင်ပြီးကေ မြေပုံညီလာခံလို့ သမိုင်းတွင်ရေ လူထုညီလာခံကြီးတရပ် ပေါ်ပေါက်လာခပါရေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူအင်္ဂလိပ်ကို တိုက်ဖို့ ခေါ်ယူခရေ ဂျပန်တိရေ ဂတိဖေါက်ပနာ ဆက်လို့သိမ်းထားရေအတွက် အရာတော်လှန်ဖို့ကျခကတ်ပါရေ မြန်မာနိုင်ငံက လွတ်လပ်ရီး လုံးဝရလားကေလေး ရခိုင်ပြည်သီးခြား လွတ်လပ်ရီးမရခစွာရေ အဓိကရခိုင်ဂေါင်းဆောင်တိ ညံ့ဖျင်းမှူနန့် ဗမာနောက်လိုက် ဖြစ်နီမှူတိကြောင်းလို့ သုံးသပ်မိပါရေ လွတ်လပ်ရီးရကေလေး ဆရာတော်ရေ လက်နက်မစွန့်ဘဲ တော်လှန်တိုက်ပွဲဝင်နီရာကနီ ဖဆပလခေတ် … Read entire article »

Filed under: ဆောင်းပါး

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမာ အစိုးရနန့်အတိုက်အခံကြား ပြဿနာ မောင်တောဒေသခံတိ စိုးရိမ်

လေးဝတီဒါကာ(၉၊၄၊၂၁၁၃)။ ။လွန်ခရေ သုံးလလောက်ကပင် ဘင်္ဂလာဒေခ်ျ့နိင်ငံမာ လွတ်လပ်ရီးကာလအတွင်းက ပါကိစ္စတန်နိုင်ငံနန့် ပေါင်းရေ အလိုတော်ရိ သစ္စာဖေါက်တိကို သီဒါဏ်ပီးဖို့ တောင်းဆိုရာကနီ အစိုးရနန့် အတိုက်အခံပါတိတိ အကြား အပြန်အလှန်တိုက်ခိုက်မှူတိ ဖြစ်နီကတ်စွာရေ ဂနိန့်ထိအဆုံးမသတ်နိုင်ရေ ပြဿနာတိနန့် ရင်ဆိုင်နီရရေလို့ ဘင်္ဂလာအစိုးရနန့် နိုင်ငံရီး လိ့လာရေလူတိကပြောပါရေ။ ယင်းကအကျိုးဆက်တိရေ ပန်းဝါဟိဗုဒ္ဓရုပ်ပွါးတော်တိ ကျောင်းကန်စေတီတိကိုပါ မီးတိုက်ဖျက်ဆီးမှူတိနန့် ကြုံရရေအထိ ပြင်းထန်လာပါရေလို့လေး ပြောသည်။ အစိုးရအုပ်ချုပ်မှူ ညံ့ဖျင်းနိန်ကြောင်း မတရားအုပ်ချုပ်နိန်ကြောင်း အဂတိလိုက်စားနီကြောင်း အတိုက်အခံတိကို ရက်စက်တေ နှိမ်နှင်းမှူတိနန့် အနိင်ကျင့်ရေလို့ စွပ်စွဲပနာ ဆက်ပြီးကေ အစိုးရကိုဖြုတ်ချဖို့ နည်းမျိုးစုံတိနန့် ကြံစည်မှူတိ ပေါ်ပေါက်လာကတ်တေလို့လေး အစိုးရပြောရီးဆိုခွင့် ဟိရေအာဏာပိုင်တိက ဆိုသည်။ ယင်းဖြစ်စဉ်တိနန့်အတူ အိမ်နံပါးက မြန်မာနိုင်ငံကိုလေး ကောလဟာလတိ ရိုက်ခတ်မှူ အစွမ်းရောက်အဖွဲ့တိဧ့ လှုံဆော်မှူတိကြောင်း အဂုအခါ ရခိုင်ပြည်ဖက်မာ ဘင်္ဂလီတိ ဘင်္ဂလာဖက်က ကျူးကျော်ဝင်ရောက်လာဖို့ ဆိုရေအသံတိ ထွက်ပေါ်လာပါရေလို့ ပြည်တွင်းကနီ ဖုန်းနန့်တမျိုး မေလ်းကတဆင့် မီးစွာတိရက်ပြတ်ကြုံတွိရရေလို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံနီ လူ့အခွင့်အရီးအဖွဲ့ဝင် တယောက်က လေးဝတီကိုပြောပါရေ။ လွန်ခရေ တပတ်အယင်က ဘင်္ဂလာဒေခ်ျ့ အစိုးရကို အတိုက်အခံပါတီတိနန့် ဟက်ဖါဇော့အီစလမ်ဆိုရေ အင်အားအများဆုံးအဖွဲ့တိ ဦးဆောင်ရေ သိန်းပေါင်းများစွာ လူအုပ်ကြီးတိရေ ဒါကာမြို့ ကို ဝိုင်းပနာ(၁၃)ချက်ပါ တောင်းဆိုမှူတခုကို အစိုးရပါးမာ တောင်းဆို ခရေလို့လေးပြောပါရေ။ ယင်းတောင်းဆိုမှူမာ ကျား/မ တန်းတူ အလုပ်မလုပ်ရ အီစလမ်ဥပဒေနန့် အညီအုပ်ချုပ်ဖို့ စရေ အချက်တိပါဝင်ခပြီးကေ ယင်းကတဆင့် စစ်တကောင်း ဖလောင်းချိတ် တက္ကနာထိ ခရီးရှည်လမ်းလျှောက် ဆန္ဒပြဖို့ အစီအစဉ်တိ ဟိခရေလို့လေးသိရပါသည်။ ယင်းအစီအစဉ်တိရေ လွန်ခရေသုံးရက်နိက မိုးလင်းအာရုံတက်(၃)နာရီမာ အစိုးရက လူအုပ်ကြီးကို ဆုတ်ခွါဖို့ ယင်းတောင်းဆိုချက်တိကို လုံးဝမပီးနိုင်ကြောင်း လော်စပီကာနန့် အစိုးရအာဏာပိုင်တိ ကြေညာကေလေး လုံးဝမဆုတ်တေအပြင် ဝိုင်းထားရေ လူအုပ်ကြီးရေ ဒါကာမြို့ ကို မီးတိုက်အကြမ်းဖက်ပနာ ထောင်ပေါင်းများစွာ ကားတိ ဘဏ်တိ ဆိုင်တိနန့် ရဲတပ်ဖွဲ့ဝင်တယောက် BGBတပ်ဖွဲ့ဝင်တယောက်ကို အကြမ်းဖက်သတ်လို့ သီဆုံးရေခါ အစိုးရလုံခြုံရီး တပ်ဖွဲ့ဝင်တိရေ မီဒီယာအားလုံးကို လုံးဝမဝင်စီဘဲ တနာရီလောက် လူစုခွဲလို့ အာရုံတက်မာ အောင်မြင်ခရေလို့ … Read entire article »

Filed under: သတင်း

ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှူရင်း

Rakhine Commission Report (Myanmar Version) … Read entire article »

Filed under: တင်ပြချက်

အမေရိကနီ ရခိုင်လူမျိုးတယောက် ကားတိုက်မှူဖြစ်ရာ ချက်ချင်းသီဆုံး

လေးဝတီ။အမေရိက။ 28၊4၊2013 အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် ဖီလ်နစ်မြို့ မာနီထိုင်ရေ ရခိုင်အမျိုးသားတယောက်( ၂၇။၎။၂၀၁၃)ရက်နိက ညဉ့် တစ်နာရီအချိန် ကားတိုက်မှူဖြစ်ရာက ပွဲချင်းပြီးသီဆုံးလားကြောင်းနန့် ကချင်လူမျိုးတစ်ယောက်ဒါဏ်ရာ ပြင်းထန်စွာ ရဟိလားရေလို့ သိရပါသည်။ သီဆုံးသူမာ အဖ ဦးအောင်ကျော်ထွန်း အမိ ဒေါ်ဒါလှခိုင်ရို့ ၏သား အောင်စိုး(ခေါ်) ကျော်ကြီး (၃၆)နှစ် သီဆုံးသူဇာတိမာ အမှတ်(c-47) ရွာကြီးလမ်း ဘောက်သီးစုရပ်ကွက် စစ်တွေမြို့ ဖြစ်တေလို့ပြောသည်။ သီဆုံးလူရေ လွန်ခရေနှစ်က မလေးရှားနိုင်ငံကနိန် အမေရိကသို့  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီအစဉ်နန့် နီထိုင်ဖို့ ရောက်ဟိလာရေလို့လေး သိရပါသည်။ အာရီဇိုးနာပြည်နယ် ရခိုင်ကွန်မြူနတီအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကျော်ခိုင်ကို လေးဝတီကဆက်သွယ်ရာ “အောင်စိုးနန့် ကချင်လေး( jata) ၊ဖြိုးမောင်ရို့ ရေ ညဉ့်တစ်နာရီလောက်မာ အကြောင်းကိစ္စတစ်ခုနန့် အပြင်ထွက်ရာက ကားတိုက်မှူဖြစ်လို့ ဆီးရုံကဆရာဝန်က သီဆုံးလားဗျာလ်လို့ အတည်ပြုပြောကြားပါရေ ၊ဇာပိုင်ကားတိုက်မှူ ဖြစ်တေဆိုစွာကိုတော့ ပြောဖို့ခက်ပါရေ တာဝန်ဟိ ရဲတိနန့်တွိခါမ အတိအကျသိရပါဖို့ “လို့ပြောသည်။ ဆက်လို့ ”ကားနန့်ပါလားရေ လူကသုံးယောက်ပါ ကိုအောင်စိုး(ခေါ်) ကျော်ကြီး ၊ကားဒရိုင်ဘာဖြစ်တေလူ ကိုဖြိုးမောင်နန့် ကချင်လေး (jata) ရို့ လိုက်ပါလာရေလို့ ကြားပါရေ ဒရိုင်ဘာဖြစ်သူ ကိုဖြိုးမောင်က အေဂုရဲစခန်း အချုပ်ထဲမာပါ ။ ကချင်လေး (jata)က ဆီးရုံရောက်နီပါရေ ယင်းကြောင့် ဖြစ်စဉ်ရေ အရှိန်လွန်လို့ တခုခုနန့်အက်မိလား ဘရိတ်ပေါက်လို့ ဖြစ်စွာလားဆိုစွာစုံစမ်းနီပါရေ”လို့ ယှင်းပြပါသည်။ သီဆုံးလူ ကိုအောင်စိုး (ခေါ်)ကျော်ကြီး အား (MARICOPACOUNTY) ဆီးရုံမှာ ရုပ်အလောင်းကို ဆီးစစ်ချက်တိယူနီကြောင်း အမေရိကမာ နီထိုင်ရေ ရခိုင်သားတိအားလုံး ပူးပေါင်းပြီး နာရေးကိစ္စဆောင်ရွက်ဖို့ အတွက် အစိုးရကခွင့်ပြုစွာနန့် သင်္ဂြိုလ်ဖို့ကိစ္စဆောင်ရွက်ဖို့ ရခိုင်ကွန်မြူနီတီအဖွဲ့ ဝင်တိနန့် မိတ်ဆွေတိ အဆင်သင့်စောင့်နီရေလို့လေး ပြောပြပါသည်။ သူကဆက်လို့ အမေရိကရောက် ရခိုင်လူမျိုးတိ ဆွေမျိုးတော်စပ်သူတိကို လေးဝတီသတင်းဌါနက တဆင့် အသိပီးအကြောင်းကြားပီးဖို့လေး မေတ္တာရပ်ခံပါကြောင်း ဦးခိုင်ကျော်ခိုင်က ပြောကြားပါသည်။ … Read entire article »

Filed under: သတင်း

“ရိုးတောင်ခြီမှာ ပြန်ဆုံကတ်”

ငါ့ရင် အဆွီးအဟောင်းဆိုရေအထဲက ငါ့သွီး ငါဘွား ငါ့သား ငါ့သမီး ငါ့မြီး ငါ့မြစ် ငါ့မျိုးဆက် အသစ်အသစ်တိ ရီကြိုင်ရာ မြက်နုရာဆိုစွာကို နိ့စိုင် ထွက်ခွါလားနိန်ကတ်တေအခါ…။   ငါ့ အရီပြားကို ထွန်သွား ထထက်သျှေနန့် တချက်ချေ ခြစ်မကြည့်ခ…။   ငါ့သွီးပင်လယ်မှာ အဏ္ဏဝါ သယံဇာတ ဇာဇာဟိလေ ဆိုစွာလေ့ မစူးစမ်း…။   ငါ့ အရိုးဒဒေါင့်မှာ ရိုးတောင်ခြီ တရိုးကိုလည်း ဂျီအိုဆက်စီမိုဂရပ်နန့် မနှိုက်ချွတ်…။   ငါ့ကို ကျောခိုင်း အရိုင်းမြီ အသစ်မှာ အခိုင်းခံ အောက်ခြီဘဝနန့် ရလာခရေ ဒေါ်လာအတိုအစ ငါ့ခြီဖဝါးက သဲပွင့်နန့် မနှိုင်းသာ…။   ရိုးတောင်ခြီကို ပြန်လာ ရိုးတောင်ခြီမှာ ပြန်ဆုံ အနာဂါတ်ကို ရောင်စုံအလှတိ ချယ်ကတ်မေ…။   စစ်တွေ- စောနောင်   … Read entire article »

Filed under: ကဗျာ

မတရားဖမ်းဆီး အကျဉ်းချခံ ရခိုင်ကျောင်းသား ခေါင်းဆောင်နှစ်ဦး ပြန်လွတ်မြောက်လာ

လေးဝတီ။                        ။ လွန်ခရေ ၂၀၀၉ ခုနှစ်၊ စတင်ဘာလအတွင်းက မတရားဖမ်းဆီး အကျဉ်းချခံခရရေ ရခိုင်ကျောင်းသားလူငယ် (၁၁) တဦးထဲက နောက်ဆုံး ကျန်ရှိနိန်ခရေ ကိုနိုင်စိုးနန့် ကိုရဲထက်စိုးရို့နှစ်ယောက် ဧပြီလ(၂၃)ရက်နိက လွတ်မြောက်လားခကတ် ဗျာလ်ဖြစ်တေလို့ သိရသည်။ ယင်း ကျောင်းသားခေါင်းဆောင်နှစ်ဦးရေ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နိက သမ္မတလွတ်ငြိမ်းချမ်းသာခွင့် အမိန့်နန့် လွတ်မြောက် လာကတ်သူတိထဲမှာ ပါဝင်ခကတ်ခြင်းဖြစ်သည်။ ယင်း ၂၀၀၉ ခုနှစ်၊ စတင်ဘာလအတွင်း အာဏာပိုင်တိက ကိုနိုင်စိုးကို စစ်တွေမြို့၊ ကိုရဲထက်စိုးကို ရန်ကုန်မြို့ရို့ကနိန် အသီးသီးဖမ်းဆီး ခကတ်ခြင်း ဖြစ်သည်။ သူရို့နှစ်ဦးကို အင်းစိန်ထောင်အတွင်းထဲမှာပင် တိုက်ပစ်ထားပနာ တရားမဝင် အသင်းဖွဲ့မှု၊ ပေါက်ကွဲစေတတ် တေ ပစ္စည်းတိကို တရားမဝင် လက်ဝယ်ထားရှိမှု၊ အီလက်ထရွန်နစ် ဥပဒေစရေ အမှုတိနန့် အသီးသီးစွဲချက်တင် စစ်ဆေးပနာ ကိုနိုင်စိုး ကို ထောင်ဒဏ်(၈) နှစ်၊ ကိုရဲထက်စိုးကို ထောင်ဒဏ် (၉) နှစ်ထိ ချမှတ်ခကတ်သည်။ ထိုအဖမ်းခံရရေ ကျောင်းသား (၁၁) ယောက်ထဲ ကိုရဲထက်စိုးမှာ ထောင်ဒဏ်အများဆုံး ချမှတ်ခံခရသူ ဖြစ်သည်။ အစခါ သူရို့နှစ်ယောက်လုံးကို အင်းစိန်ထောင်ထဲမှာပင် ထားခကေလေ့ နောက်ပိုင်း ကိုနိုင်စိုးကို အခုလွတ်မြောက်လာရေအချိန်ထိ အကျဉ်းချခံထားခရရေ ပခုက္ကူထောင်ကို ပြောင်းရွိချထားခကတ်သည်။ “ကျနော်ရို့က အခုမှ အပြင်ကိုရောက်လာကတ်စော်ဆိုရေခါ ပြင်ပက အခြေအနေတိကို လေ့လာရဖို့သိ။ ကျနော်ရို့ ရဲဖော်၊ ရဲဖက်တိနန့် လဲ တွိကတ်ရဖို့သိ။ သေချာစော်တခုကတော့ခါ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် လူမှုရေး လုပ်ငန်းတိကို ဆက်လက် လုပ်ဆောင်လားဖို့ ထောင်ထဲမှာ ကတည်းကပင် ဆုံးဖြတ်ထားပါရေ” ဆိုပနာ ကိုရဲထက်စိုးက လွှတ်လာရေနိ့မှာပင် ပြောခရေလို့ အာရ်ကန်တိုင်း သတင်းတ ပုဒ်က ဆိုသည်။ နိုင်ငံတော် သမ္မတလွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နန့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နိ့မှာ လွတ်ငြိမ်းခွင့်ရသူစုစုပေါင်း (၉၃)ယောက် ရှိခရေလို့ လဲ သိဟိရသည်။ … Read entire article »

Filed under: သတင်း, ပြည်တွင်းသတင်း

ရခိုင်ရို့ အတွက် အနာဂတ်ခရီး

သမိုင်းမှတ်တမ်းတိအရ ဘီစီ ၃၃၂၅ ခုနှစ်ကပင် သီးခြားလွတ်လပ်ပြီးကေ အချူပ်အချာအာဏာပိုင်ဆိုင်ခရေ တိုင်းပြည်တပြည်အဖြစ် ကမ္ဘာ့မျက်နှာပြင်ထက်မှာ ကိုယ့်စံ ကိုယ်ဟန် ကိုယ့်အားမာန်နန့်  ရပ်တည်ပါလတ်တေရခိုင်ပြည်ရေ အေဒီ ၁၇၈၄ ဒီဇင်ဘာလ ၃၁ ရက်နိန့် မှာ မောင်ဝိုင်းဦးဆောင်ရေ ဗမာပဒေသရာဇ်တိ မတရားကျူးကျော်နယ်ချဲ့ပနာ သိမ်းပိုက်ခြင်းကို ခံလိုက်ရပါရေ။ ယင်းအချိန်ကပင် ရခိုင်ရို့ ၏နိုင်ငံရေးပါဝါ၊ မွီးရာပါလူ့  အခွင့်အရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပြဌါန်းပိုင်ခွင့်နန့်  လူမှုစီးပွါးဖွံဖြိုးတိုးတက်မှုတိ အားလုံးဆုံးရှုံးလားခရပါရေ။ “လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက ကိုလိုနီပြု ဖိနှိပ်အုပ်ချူပ်ထားကေ အအုပ်ချူပ်ခံလူမျိုးရေ တခါလေ့ ဖွံဖြိုးတိုးတက်လီဖို့ မဟုတ် ” ဆိုရေ စကားက လုံးဝမှန်ကန်ကြောင်းကို ဗမာစစ်ပဒေသရာဇ်တိ သွီးစုပ်နှိပ်စက်အုပ်ချူပ်နိန်ရေ အဂုခေတ်ကာလ ရခိုင်ပြည်အခြေအနေက သက်သီခံပြနိန်ပါရေ။ နှစ်ပေါင်းရာနန့် ချီပနာ သက်တမ်းရှည်လာကြာနီရေ ရခိုင်ရို့၏အဖြစ်ဆိုးတိ၊ အစုလိုက်အပြုံလိုက် ဒုက္ခရောက်ရခြင်း၊ စိတ်သောကဖိစီးမှု၊ အကြောက်တရားနန့် ၀ီခွဲမရလမ်းစပျောက်နိန်ရရေလူတိ ဒေပိုင် ဘ၀အနိဋ္ဌါရုံတိကလွတ်မြောက်အောင် ရုန်းကန်ကြိုးပမ်းကတ်ရဖို့ စွာရေ သွီးစစ်တေအမျိုးသားရေးတာဝန်နန့်  လူသားဖြစ်ခြင်း၏ဂုဏ်သိက္ခာကို ရယူလိုခြင်းဝတ္တရားပင်ဖြစ်တေ။ လူစိတ်ပျောက်နိန်ရေဗမာစစ်ဝါဒီတိနန့် ယင်းသူရို့ စစ်အုပ်ချူပ်ရေးယန္တရားအောက်က ဖောက်ထွက်ပနာ ရခိုင်ရို့ ကိုယ်ပိုင် အနာဂတ်ခရီးသစ်ကိုလားနိုင်ခါမှရာ ရခိုင်ရို့ လူ့ ဘောင်နန့်  မျိုးဆက်တိကို ထိန်းသိမ်းလာနိုင်ပါဖို့ ။ ဒေနိန်ရာမှာ အရေးကြီးဆုံးက ရခိုင်တိအားလုံး ဘက်ပေါင်းစုံကအောက်ကျနောက်ကျ လူလုံးမလှဖြစ်နိန်ကတ်တေအချိန်မှာ ဇာပိုင်အင်အားနန့် ဗမာစစ်အုပ်စု လက်အောက်က ရုန်းထွက်ပနာ လွတ်လမ်းရှာနိုင်ဖို့ လဲဆိုရေ မိန်းခွန်းပင်ဖြစ်ပါရေ။ ဒေမိန်းခွန်းကို အဖြေရှာဖို့  သမိုင်းကပီးရေသင်ခန်းစာတိကို လေ့လာခြင်းနန့်  နိုင်ငံရေးယိုင်ကျေးမှုကို ပြန်ပြင်ခြင်းဆိုရေ အပိုင်းချေ (၂) ခု ခွဲပနာ သုံးသပ်တင်ပြချင်ပါရေ။ ရခိုင်ရို့ သမိုင်းကို လှန်ကြည့်လိုက်ကေ အလိမ်ခံရခြင်းစာမျက်နှာတိနန့်  ပြည့်နိန်ပါရေ။ စီးပွါးရေးပျက်ကိန်းဆိုက်ပြီးကေ နန်းတွင်းအရှုပ်အထွီးနန့်  အချင်းချင်းသွီးကွဲပနာ ရခိုင်ပြည်ထိန်းမနိုင်သိမ်းမရဖြစ်နိန်ရေအချိန်မှာ မဟာသမ္မတရာဇာကို နန်းချပြီးကေ မင်းသားဟရီကို နန်းတင်ဖို့  အေမင်းသားကို ထောက်ခံရေ ရွာစားမြို့ စားတိက ဗမာပဒေသရာဇ်မင်း ဘိုးတော်မောင်ဝိုင်းနန့် လားပြီးကေ မဟာမိတ်ဖွဲ … Read entire article »

Filed under: ဆောင်းပါး

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တိုင်းရင်းသားမဟာမိတ်ပါတီများ တရုတ်နိုင်ငံကို ထွက်ခွာ

မင်းဇံ (လေးဝတီ)။   ။တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားအချက်အရ နိုင်ငံရေးပါတီ ၅ ပါတီရေ ဧပြီလ ၂၀ ရက်နိ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီးစိုင် ထွက်ခွါလားခရေလို့ သတင်းရရှိဘာသည်။ ယင်းခရီးစဉ်မှာ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)ရို့ ပါဝင်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ရို့ တက်ရောက်ခရေလို့ သိရဘာသည်။ တရုတ်နိုင်ငံကို မထွက်ခွာမှီ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “တရုပ်ကွန်မြူနစ်ပါတီမှ မြန်မာနိုင်ငံပါတီတခုက နှစ်ဦး သုံးဦစီ ဖိတ်ခေါ်ပါရေ ယင်းပိုင်ဖိတ်ခေါ်လို့ လားစွာပါ ကျနော်ရို့ (RNDP) က ဒေါက်တာအေးမောင်နှင့် ကျွှန်နော် ဦးဇော်အေးမောင် နှစ်ယောက်ပါ။ သူရို့ကတော့ အလည်ပတ်ခေါ်စွာပါ ကျွန်တော်ရို့ တဖွဲ့တည်း မဟုတ်ပါ (NDF) ပါရေ (တစည) လည်း ပါရေ ရှမ်းတိုင်းရင်းသားပါတီ ပါ အားလုံး ပါတီငါးပါ ပြီးဂေ နောက်ထပ် ပါတီတိကိုလည်း ဖိတ်ခေါ်ဖို့ သူရို့ list မှာ ရီးထားပါရေ။ တရုပ်ကွန်မြူနစ်ပါတီက အိမ်နီးချင်းနိုင်ငံက နိုင်ငံရေးပါတီတိနန့် ပူပေါင်းလုပ်ဆောင်းဖို့ ရည်ရွယ်ချက်ရှိရေ။ ယင်းနန့် အိမ်းနီးချင်းနိုင်ငံမှ ပါတီခေါင်းဆောင်နှစ်ဦးကျစီကို တရုပ်ပြည်သို့ဖိတ်ခေါ်ပြီးဂေ တရုပ်ပြည်၏ စီးပွားရေ နိုင်ငံရေးအခြီအနီတိကို ပြသချင်ရေအတွက်ကြောင်း ဖိတ်ခေါ်စွာ ဖြစ်ပါရေ။ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ဂစ်ပိုက်လိုင်းလုပ်နီရေကိစ္စ ဂစ်ပိုက်လိုင်းနှင့်ပတ်သက်လို သဘာဝပတ်ဝန်းကျင်း မထိခိုက်ရအောင် လုပ်ပီးဖို့ကို ကျွှန်နော်က သူရို့ လူကြီးနန့် တွိ့ခွင့်ရဂေ အခွင့်သာကေ ပြောခွင့်ရဂေ ပြောပါဖို့ နောက်ပြီးဂေ မဒေးကျွန်းမှာ ဒေသခံ တိုင်းရင်းသားတိကို အလုပ်ကိုင်တိ ပီးဖို့ နောက် ဒေသအတွင်း ဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ပီးဖို့ စရေ အချက်တိကို ပြောကြားလားပါဖို့” လို့ အဂုပိုင် ပြောပြခဘာသည်။ တရုတ်နိုင်ငံကို လားရောက်လည်ပတ်ဖို့ ခရီးစိုင်မှာ လိုက်ပါလာရေ (RNDP) နန့် (SNDP)ရို့က ရခိုင်ပြည်မှ တရုတ်နိုင်ငံကို သွယ်တန်းနီရေ CNPC ကုမ္မဏီ၏ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စတိအပြင် … Read entire article »

Filed under: သတင်း, ပြည်တွင်းသတင်း

Creative Garden အဖွဲ့က စစ်တွေမြို့တွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာအခမဲ့သင်တန်းဖွင့်လှစ်

မင်းဇံ (လေးဝတီ)။   ။စစ်တွေမြို့ရှိ ဒက္ခောင်းဘုန်းတော်ကြီးကျောင်းမှာ Creative Garden အဖွဲ့မှ ဦးဆောင်ပြီး ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကို ဒေဂုလ ဧပြီ ၂၁ ရက်နိ့က စတင်သင်ကြားပို့ချနိန်ကြောင်း သတင်းရရှိပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယင်းနိ့ မိုးသောက်ဖက် ၈း၀၀ နာရီအချိန်မှာ စတင်ဖွင့်လှစ်ခပြီး ၉ နာရီ မိနစ် ၄၀ အချိန်အထိ ကျင်းပခရေလို့ သိရပါသည်။ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နန့် သင်တန်းပတ်သက်လို့ သင်တန်းကို ဦးဆောင်ဖွင့်လှစ်ခသူ ဆရာတော် ဦးပညာဇောတ က “သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ မိမိရို့သင်ပီးလိုက်သော အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်တိရေ ခတ်ပညာရပ်တိကို သင်ယူနီဂတ်တေလူငယ်တိအတွက် တဖက်တလမ်းက အထောက်အပံ့ဖြစ်စီဖို့၊ ဆင်းရဲနွမ်းပါးမှုတည်းဟူသော အကြောင်းပြချက်တခုတည်းဖြင့် တကမ္ဘာတလုံးက အသည်းအသံသင်ယူလေ့လာနီဂတ်တေ ပညာရပ်တိအပေါ်မှာ မျိုးဆက်သစ်လူငယ်တိ မျှက်ခြီမပြတ် နောက်ကျ မကျန်စီဖို့နန့် ဆယ်စုနစ်ကာလအတွင်း နည်းပညာတိပေါ်ထွက်လာစီဖို့ ယင်းဟင့်တိကို အခြေခံပနာ နည်းပညာရှင်တိအမြောက်များပေါ်ပေါက်လာစီဖို့အတွက်ဖြစ်ပါရေ” လို့ မိန့်ကြားခပါသည်။ သင်တန်းမှုအဖြစ် ဆရာတော် ဦးပညာဇောတနှင့် သင်တန်းဆရာအဖြစ် ကိုညီလင်းကရို့ သင်ကြားပို့ချနီကြောင်း သိရပါသည်။ ယင်းစွမ်းရည်းမြင့်တင်ရေးသင်တန်းကို ရဟန်းရှင်လူ လျှောက်ထားသူ  ၂၀၀ လောက်ဟိကေ့လည်း နိန်ရာအခက်ခဲ  ကွန်ပျူတာ မပြည့်စုံမှုတိကြောင်း သင်တန်းသား ၁၅၀ လောက်ရာ လက်ခံနိုင်ခရေလို့ ပြောဆိုပါသည်။ သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ဆရာတော် ဦးပညာဇောတမှ Creative Garden အဖွဲ့မှ ရှီဆက်လုပ်ဆောင်လားဖို့အစီအစိုင်တိနန့် ပတ်သက်လို့ “ ဒေသင်တန်းအမည်ကိုကျတော့ creative garden ပါ creative garden ဆိုစွာ ဖန်တီးမှု ဥယျဉ်လို အကြမ်းအာဖြင့် ရပါရေ။ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ အခမဲ့ သင်စွာပါ  ဦးဇင်းရို့ creative garden ဆိုစွာက groud တခုတည်းအနီနန့်လည်း မဟုတ်ပါ အဖွဲ့စည်းတခုတည်း အနီနန့်လည်းမဟုတ် သင်တန်းကို ပံပို့ကူညီပီးဂတ်တေ  ဆရာ/မ နောက်ပြီး ဘေးကနီ ထောက်ပံပီးဂတ် ပုဂ္ဂုလ်တိနန့် သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပါရေ။ ယင်းအထဲမှာ ညီကိုမောင်နှမတိ၊ ဆရာ/မတိနန့် ရှီဆက် သင်တန်းတိလုပ်လားပါဖို့။ ဒေနှစ်မှာတော့ ငွှေကြေးအခက်အခဲကြောင့် သင်တန်းကာလကို (၄၅) ရက်နန့် … Read entire article »

Filed under: သတင်း, ပြည်တွင်းသတင်း

ရခိုင်ဘုရင် သူရိယစက္က တည်ထားကိုးကွယ်ခရေ ပုသွင်(ပုတ်သင်ညို)ဓါတ်တော် စေတီဘုရားပွဲကျင်းပ

ပျို့ အောင်(နတ်မြစ်)။            ။ ရခိုင်ဘုရင် သူရိယစက္က တည်ထားကိုးကွယ်ခရေ ပုသွင်(ပုတ်သင်ညို)ဓါတ်တော် စေတီဘုရားပွဲကို ဧပြီလ(၂၂)ရက်နိက စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြီးစီခကြောင်း သတင်းရဟိပါသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နတ်မြစ်ကမ်းခြီတလျှောက် တချိန်က ကြက်ပျံမကျစည်ကားခပနာ သင်္ကြန်အပြီး ဆက်တိုက် ဘုရားပွဲတိနန့်တတူ ပြိုင်လောင်းပွဲ ချောတိုင်တက်ပွဲ ကျင်ကိုင်ပွဲ ကျွဲတိုက်ပွဲ အစဟိရေ ပျော်ပွဲရွှင်ပွဲတိ ကျင်းပဖြစ်ခကတ်ကြောင်း အဖိုးအဖီးတိက တဆင့် မှတ်သားဖူးခရေလို့ မြစ်နားရွာသားဖြစ်သူ ဦးအောင်ဆန်းက ပြောပြပါသည်။ ရှိဟောင်းသမိုင်းဝင် ပုသွင်ဓါတ်စေတီတော် သမိုင်းနန့် ပတ်သက်လို့ တက္ကနာ ကယုချောင်းမြို့ က ဘုရားပွဲကျင်းပရေးကော်မတီ ဒုအတွင်းရေးမှူး ကိုဘုဘုက အခုပိုင် ပြောပြပါသည်။ “အေဘုရားစေတီတော်ကို ရခိုင်ဘုရင်သူရိယစက္ကမင်းကြီးက အသောကဘုရင်ကတဆင့် ရလိုက်တေ ဓါတ်တော်တိကို ပုဏ္ဏားတိနန့် သာသနာရှည်ဖို့ ရခိုင်ပြည်တနံတလျှားမာ စေတီပုထိုးတော်တိကို တည်ထားကိုးကွယ်ခပြီးကေ နတ်မြစ်ကမ်းခြီကိုရောက်တေခါ ဒေဘုရား လက်ဟိတည်ထားရေ နီရာရေ ဘုရားလောင်း ပုသွင်ဘဝဖြစ်ခရေနီရာ ဖြစ်တေ။ ယင်းအတွက် (၁၇၃၇)ခုနှစ်မာ နွားလားဥဿဖ တရပ်လောက်ရှိ တမိုက် လေးပေ အမြင့်တည်ထားခပါရေ။ ယင်းနောက် ခေတ်အဆက်ဆက်ပြောင်းလားရေခါ ခြုံနွယ်သစ်ပင်တိနန့် တောထလားလို့ ကွယ်ပျောက်လားပါရေ။ အင်္ဂလိပ်ခေတ်မာ နတ်မြစ်သော်ဒလီတိ အုပ်ချုပ်တေကာလက ရခိုင်ပြည်မဖက်မာ ဆား၊ ငရုပ်၊ ကုန်သည်တိရေ မြစ်ကမ်းမာ တည်းခိုနီကတ်ခါ တောင်ချေတလုံးက ဓါတ်တော်တိ ကွန့်မြူးစွာကို ထူးထူးဆန်းဆန်း တွိမြင်ရရေအတွက် သော်ဒလီကြီးကို သတင်းပီးပါရေ။ ယင်းခါသော်ဒလီကြီးက ရွာသားတိအားလုံးကို ခေါ်ပနာ တောင်ကိုရှင်းလို့ ရှာကတ်တေခါ သက်ကယ်တပုဒ်နန့် အုပ်ချပ်ချေတိကို တွိပါရေ။ ယေခါ ယင်းချင့်တိကို တူးဖေါ်ပနာ ပြန်လို့ထပ်တည်ရေ အတွက် ထပ်တောင် ထပ်ပွဲလို့ ဒေသခံတိ ဂနိထိခေါ်ကတ်ပါရေ။ ခုနစ်ညဉ့် ခုနစ်ရက် ဇာတ်ပွဲ ပြိုင်လောင်းပွဲတိ ချပနာ နတ်မြစ်ဘင်္ဂလာကမ်း ရခိုင်ကမ်းနှစ်ဖက်လုံးက ရခိုင်သားတိနန့် ကောင်းကောင်းစည်းကားခပါရေ။ ယင်းအချိန်က ကုလားဆိုစွာ အရုပ်ရီးပြဖို့ ရှာလို့မတွိပါ။ နောက် ပါကိစ္စတန်နန့် ဘင်္ဂလာလွတ်လပ်ရေး တိုက်ပွဲ စစ်ဘေးဒါဏ်တိကြောင်း ရခိုင်လူဦးရေတိ နည်းလားပါရေ။ လွန်ခရေ (၈)နှစ်ကမှ ပြန်ပနာ အကျွန်ရို့ နတ်မြစ်ဗုဒ္ဓဘာသာအသင်း နတ်မြစ် ရှိဟောင်းသမိုင်းဝင်ဘုရား စောင့်ရှောက်ထိမ်းသိမ်းရေး ကော်မတီတိကို ဖွဲ့ခပါရေ။ အေနှစ်နန့်ဆိုကေ (၈)ကြိမ်မြောက် ကျင်းပလာစွာ” ဖြစ်တေလို့ ဆိုပါသည်။ အေဂုအခါ နတ်မြစ်ကမ်းဘင်္ဂလာဖက်မာ ကယုချောင်း ဒဒုံကျ မြစ်နားရွာ နီလာ(ညလား)ခြံချောင်း နခေါင်းချောင်း နန့် … Read entire article »

Filed under: သတင်း, နိုင်ငံခြားသတင်း