ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ)၏ တိုက်တွန်းချက် ၁၀ ချက်
ရခိုင် ၁၈ မြို့နယ်ရှိ ရခိုင်လူမှုကွန်ရက်များအား ရခိုင်လူမှုကွန်ရက်(သံတွဲကမ်းခြေ) မှ အောက်ပါအတိုင်း တိုက်တွန်းလိုပါသည်။
(၁) မိမိတို့ကွန်ရက်အား ပိုမိုခိုင်မာ အားကောင်းစေရေး အတွက် စည်းရုံးမှုများ ကြိုးစားလုပ်ဆောင်ကြပါရန်
(၂) မိမိတို့ ကွန်ရက်၌ ရံပုံငွေတစ်ရပ်တည်ထောင်၍ ပွားများလာစေရန်
(၃) မိမိတို့ နယ်အတွင်း၌ မိမိတို့ ရခိုင်တိုင်းရင်းသားများ ၏ အကျိုးစီးပွားကို ကာကွယ်၊ စောင့်ရှောက်၊ မြှင့်တင် ပေးရာ၌ ပါဝင်ဆောင်ရွက်ရန်
(၄) မိမိတို့ နယ်အတွင်း၌ ရခိုင်ရက္ခိတစိတ်ဓာတ်နှင့် ရခိုင့်ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ အမြဲရှင်သန် နေစေရန်
(၅) ယင်းသို့ဆောင်ရွက်ရန် စနစ်ကျ၍ လက်တွေ့ဆန်သော စီမံကိန်းများ(ရေတို/ရေရှည်) ချမှတ် အကောင်အထည်ဖော်ကြရန်
(၆) ကွန်ရက်တိုင်း၌ မိမိတို့ကွန်ရက်ကို ကိုယ်စားပြုနိုင်သော coordinater များထားရှိပြီး အဆိုပါ ပုဂ္ဂိုလ်များသည် မိမိတို့၏ ခရိုင် coordinater နှင့် လျင်မြန်၍ ပုံမှန်ဖြစ်သော ချိတ်ဆက်မှု ကို လက်တွေ့လုပ်ဆောင်ကြပါရန်
(၇)ခရိုင်တာဝန်ယူထားသော coordinater များသည် မိမိတို့ခရိုင်အတွင်းရှိ … Read entire article »
Filed under: ကြော်ငြာချက်
ပထမအကြိမ် ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲ ထုတ်ပြန်ကြေငြာချက်
၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ (၁၄) ရက်။
ပထမအကြိမ် ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေ
Filed under: ကြော်ငြာချက်
တောင်ကုတ်ညီလာခံမှ ရခိုင်လူမှုကွန်ရက်ဖွဲ့စည်း၊ သဘောထားထုန်ပြန်
(Arakantime ဒီဇင်ဘာ 16) ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ကျင်းပပြုလုပ်သော ညီလာခံသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်မှ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကာ ရခိုင်လူမှုကွန်ရက်ကို ဖွဲ့စည်းခဲ့သည်။ ရခိုင်လူမှုကွန်ယက်ပေါ်ပေါက်လာရခြင်းမှာ ရသေ့တောင်လူထု အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်ကိုယ်စားလှယ်များမှ ရခိုင်ပြည်နယ်တွင် ကွန်ရက် တစ်ခုဖွဲ့စည်း သင့်ကြောင်းအကြံပြုခဲ့ခြင်းဖြစ်ရာ တောင်ကုတ်ညီလာခံမှ ရခိုင်လူမှုကွန်ရက်ကြီးကို ဖွဲ့စည်းခဲ့ကြောင်း ညီလာခံသို့ တက်ရောက်လာသော ကျောက်ဖြူမြို့နယ်မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးထွန်းလွင်မှ ပြောသည်။ ညီလာခံကို ဒီဇင်ဘာ ၁၅ မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး ပလက်ဝ၊ ပေါက်တော၊ မြေပုံ၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျိန္တလီမြို့နယ်ခွဲ၊ မာန်အောင်၊ အမ်း၊ မင်းပြား၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်မှ ကိုယ်စားလှယ် ၄၅ ဦးတက်ရောက်ကာ၂ ရက်တာပြုလုပ်ခဲ့သော ညီလာခံမှ ဆွေးနွေးမှုရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်လူမှုကွန်ရက်၏ ပထမအကြိမ် (၁၈)မြို့နယ် ညီလာခံမှ သဘောထားထုတ်ပြန်ချက် နေ့စွဲ - ၁၆ ဒီဇင်ဘာ ၂၀၁၂ ၁။ ရခိုင် ဆယ့်ရှစ်မြို့နယ်မှ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များသည် … Read entire article »
Filed under: Uncategorized, ကြော်ငြာချက်
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၏ သဘောထား ထုတ်ပြန်ချက်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ အောက်တိုဘာလ ၂၅ ရက်နိ့က သဘောထားကြေငြာတစ်စောင်ကို ထုတ်ပြန်ထားပါသည်။ ယင်းကြေငြာချက်ကို ALP website စာမျှက်နှာမှ ကူးယူဖော်ပြပါသည်။
၁။ ယခုလက်ရှိဖြစ်ပေါ်နေသည့် ခိုးဝင်သူဘင်္ဂါလီများ၏ အကြမ်းဖက်သောင်း ကျန်းနေမှုများသည် မြန်မာနိုင်ငံ တွင်း ပြုပြင်ပြောင်းလဲရေး ကာလတွင် လူမျိုးသစ်တခုအဖြစ် အသိအမှတ်ပြုခံ ရရေးအတွက် ကြိုတင်စီစဉ် အကွက်ချ လုပ်ဆောင် နေသည့် တဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီမူဆလင်များနှင့် ၄င်းတို့ကို အားပေး အားမြှောက် ပြုနေသည့် နိုင်ငံများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။
၂။ ရခိုင်လူမျိုးများအား တမြေတည်းနေတရေတည်းသောက် ညီနောင်တိုင်းရင်းသားအဖြစ် အမှန်တကယ်သတ်မှတ် ပါက မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင်နက်နယ်မြေကို ဘင်္ဂါလီများလက်တွင်းသို့ မကျရောက်ရေး အသက်ပေးကြိုးပမ်းနေ သည့် ရခိုင်တို့၏လုပ်ရပ်အား မြန်မာအုပ်ချုပ်သူအစိုးရနှင့် မြန်မာပြည်သူတရပ်လုံးအနေဖြင့် ရခိုင်တို့နှင့် လက်တွဲပူးပေါင်း ပါဝင် သင့်သည်။
၃။ ယခုဖြစ်ပေါ်နေသည့် ဘင်္ဂါလီမူဆလင်များ၏ အကြမ်းဖက်သောင်းကျန်းနေမှုများကို လက်ရှိအစိုးရ … Read entire article »
Filed under: ကြော်ငြာချက်
နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြီအနီတိနန့် ပတ်သက်လို့ အသိပီးကြေငြာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက် တစ်ရပ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှ အေယင်တိုလာလ ၂၅ ရက်နေ့ ည (၈) နာရီတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် အချက် (၆)ချက် ပါဝင်ပြီး ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁၀ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၁။ ၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍ လူနေအိမ် (၂၂၃၀)အိမ်နှင့် ဘာသာရေး … Read entire article »
Filed under: ကြော်ငြာချက်
အမေရိကပြည်ထောင်စု အိုင်အိုဝါးပြည်နယ် ရခိုင်အမျိုးသားရေးအသင်းမှ ထုတ်ပြန်ကြေငြာချက်
နေ့စွဲ။ ။၁၀၊ ၁၄၊ ၂၀၁၂ ၁။ ယနေ့ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ လူမျိုးကို အခြေခံကာ ဘာသာရေးစစ်ပွဲဖန်တီးရန် ပြုလုပ်လာခြင်းများကို မြင်တွေ့ လာရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်၌ သမိုင်းလိမ်ဘင်္ဂလီလူမျိုးများသည် သူတို့၏ ကောက်ကျစ်သော ညာဏ်နီ ညာဏ်နက်ဖြင့် သူတို့ အပေါ် ကမ္ဘာတ၀န်းလုံးမှ ယုံကြည် သနားလာစေရန် သတင်းအမျိုးမျိုးကို လုပ်ကြံဖန်တီးနေကြသည်။ မကြာသေးခင် အချိန်က စစ်တွေမြို့ရှိ ပလီခြံဝင်းမှ အိမ်တလုံးကို သူတို့ ကိုယ်တိုင်သူတို့  မီးရှို့ပြီး နှစ်ပေါင်း ( ၈၀၀ ) ကျော်ခန့် ရှိပြီဖြစ်သော ၎င်းတို့၏ ရှေးဟောင်းယဉ်ကျေးမူ ပလီအား ရဟန်းသင်္ဃာတော်များက မီးရှို့လိုက်ခြင်းဆိုကာ မဟုတ်မမှန်လုပ်ကြံ ကြေငြာခဲ့သည်။ ထိုကြေငြာချက်အား မွတ်ဆလင်ဘာသာ ကိုးကွယ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မဟုတ်မမှန်ကြောင်း ကြေငြာခဲ့ရသည်။ ၎င်းလုပ်ရပ်များအားကျွန်ုပ်တို့မှ ရှုတ်ချသည်။ ၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ရဟန်းသင်္ဃာတော်များအား မီးရှို့သတ်ဖြတ်နေခြင်းကို အကြမ်းဖက်မွတ်ဆလင်ဘာသာဝင်အချို့ က ဖန်တီးနေသည်ကို ကမ္ဘာတ၀န်းမှ မြင်တွေ့နေကြရပြီး ဖြစ်သည်။ ယင်းမီးရှို့ … Read entire article »
Filed under: ကြော်ငြာချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၃ ) ရက် ဗုဒ္ဓဟူးနေ့
၁၃၇၄ ခု တော်သလင်းလပြည့်ကျော် (၃) ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂၂. ၉. ၂၀၁၂ နေ့မှ စတင်ဖြစ်ပွားနေသည့် ဘင်္ဂလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာမျိုးနွယ်စုဝင်များ၏ အသက်အိုးအိမ်စည်းစိမ် ခြုံလုံမှုအလွန်ကင်းမဲ့နေပြီး သမိုင်းဝင် သာသနိက အဆောက်အဦးများ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးမှုခံနေရပါသည်။
ထိုကဲ့သို့ ခြုံလုံမှုကင်းမဲ့နေခြင်း သမိုင်းဝင်ဗုဒ္ဓဘာသာအမွေအနှစ်များ ဖျက်စီးခံနေရခြင်းများအတွက် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အလွန်ပင်စိတ်မကောင်းများစွာဖြစ်ကြရပါသည်။ ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးကို တန်ဘိုးထားသည့် ဘင်္ဂလားဒေ့ရ်ုနိုင်ငံ၌ လူမျိုးစုငယ်များအပေါ် မတရားနိုင်ထက်စီးနင်းပြုမှုခြင်းသည် တရားဥပဒေစိုးမိုးရေး မရှိခြင်းကြောင်း ဖြစ်သည်ဟု ရှုမြင်သုံးသပ်ပါသည်။
ထိုအခြေအနေ အရပ်ရပ်ကို သုံးသပ်နိုင်ရန်နှင့် လိုအပ်သည်များကို အထောက်အကူပြုနိုင်စေရန် စိတ်ပါဝင်စားသူများကို ဖိတ်ကြား၍ ၂ ၊ ၁၀ ၊ … Read entire article »
Filed under: ကြော်ငြာချက်
မြန်မာ-တရုတ် “ရွှေ” သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းအပေါ် မြန်မာပြည်သူလူထု၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၁ အောက်တိုဘာ ၂၀၁၂
မြန်မာနိုင်ငံ အနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် “ ရွှေ” သဘာဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ မြို့နယ် (၂၁) မြို့နယ် ကိုဖြတ်သန်းသွားပါသည်။
ထိုစီမံကိန်းတွင်
(၁) စာချုပ်ပါ စီမံကိန်းအခြေခံအချက်အလက်များကိုလည်းကောင်း ၊နိုင်ငံရေး နှင့်ပါတ်သက်သည့် သဘောတူညီချက်များကိုလည်းကောင်း၊ ပိုက်လိုင်း လုံခြုံဘေးကင်းရေး စံနှုန်းများကိုလည်းကောင်း၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်များ ကိုလည်းကောင်း၊ နောက်ဆက်တွဲ အကောင်အထည်ဖော်မည့် အစီစဉ်များကိုလည်းကောင်း ပြည်သူလူထုအနေဖြင့်သိရှိခွင့်မရရှိခဲ့ပါ။
(၂) စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့် လူမှုဘ၀သက်ရောက်ထိခိုက် မှုစစ်တမ်းများ (EIA,SIA) ကောက်ယူစီစစ်ခြင်းမရှိခဲ့ပေ။ အမှန်အားဖြင့် EIA ,SIA စစ်တမ်းအရသာ စီမံကိန်းကို အကောင်အထည်ဖော်ရန် သင့် မသင့် ဆုံးဖြတ်ရမည်ဖြစ်သည်။
(၃) လယ်ယာမြေနှင့်စိုက်ခင်းများကိုပျက်စီးစေခြင်း၊ အများပိုင်ကျေးရွာသုံးရေကန်၊ သာသနိက နယ်မြေများ၊ လမ်းများကိုပျက်စီးစေခြင်း၊ သဘာဝရေထွက်များနှင့် ရေထိန်းတောများပျက်စီးစေခြင်း၊ ရှားပါး ရေနေ၊ကုန်းနေ … Read entire article »
Filed under: ကြော်ငြာချက်
ရခိုင်ဒေသလူထုအစည်းအဝေးကြီး၏ ရလဒ်များအပေါ်ထောက်ခံကြောင်း ALP မှ သဘောထားထုတ်ပြန်
၂၀၁၂ ခု၊ စက်တင်္ဘာလ ၂၇ ရက်စွဲဖြင့် လက်ဟိအစိုးရနန့် အပစ်ခတ် ရပ်စဲထားရေ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ရသေ့တောင်မြို့တွင် ကျင်းပခရေ ရခိုင်ဒေသလူထုအစည်းအဝေးမှ တောင်းဆိုချက် ၁၈ ချက်၊ ကန့်ကွက်ချက် ၆ ချက်အပါအ၀င် အကြံပြုချက် ၃ ချက်ကို အပြည့်အ၀ ထောက်ခံကြောင်း ALP သတင်းစာမျှက်နှာမှာ ရီးသားဖော်ပြထားပါသည်။
ယင်းလူထုအစည်းအဝေးက ဆုံးဖြတ်ချက်တိကို အချက် ၃ ချက်နန့် ထောက်ခံကြောင်း တရားဝင် ထုတ်ပြန်ထားပါသည်။
ယင်းအချက် ၃ ချက်မှာ -
၁။ ၂၀၁၂ ခု၊ စက်တင်္ဘာလ ၂၅-၂၆ ရက်နေ့များတွင် ရခိုင်ပြည် ရသေ့တောင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် “ရခိုင်ဒေသ လူထုအစည်းအဝေးကြီး” မှ တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ကြသည့် နိုင်ငံတော်အစိုးရသို့ တင်ပြတောင်း ဆိုချက် … Read entire article »
Filed under: ကြော်ငြာချက်
လေးဝတီသတင်းဌာနမှ ထုတ်ပြန်ကြေငြာချက်
လေးဝတီသတင်းဌာနသည် ဇာပါတီ ဇာအဖွဲ့အစည်း ဇာပုဂ္ဂိုလ် တစ်ယောက်၏ လက်အောက်ခံ သတင်းဌာနတစ်ခုမဟုတ်ဘဲ လွတ်လပ်တေရက္ခိုင်သတင်းဌာနတစ်ခုရာ ဖြိုက်ပါသည်။
ရက္ခိုင်လူမျိုးတိအတွက် ရက္ခိုင်သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ ဇာပါတီ ဇာပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုလည်း အခြီမခံဘဲ လွတ်လပ်တေ ရက္ခိုင်သတင်းဌာန (လေးဝတီသတင်းဌာန) ရေ ရက္ခိုင်အမျိုးသား အကျိုးစီပွားကို ဦးတည်ပနာ တည်ထောင်လာစော် ၂၀၀၉ စက်တင်ဘာလ ကပင် အဂုအချိန်ထိ (၃) နှစ် တတင်းပြည့်ယာ ဖြိုက်ပါသည်။
လေးဝတီသတင်းဌာနကို Blog အဆင့်မှ Website အဆင့်သို့ တိုးမြှင့်လုပ်ဆောင်လာနိုင်ကေ့လေ့ နည်းပညာအားနည်းမူ၊ သတင်းအချက်အလက်တိ အချိန်နန့် တပြေးညီ တင်ဆက်ဖော်ပြနိုင်မူ အားနည်းသိမ့်ခြင်း၊ သတင်းတိကို တေးဖြတ်မူအပိုင်း အားနည်းသိမ့်ခြင်းနန့် လူအား ဖေသာအား အရင်းအနှီး အားနည်းခြင်းတိ ဟိနိန်ပါသိမ့်ကြောင့် ရိုးသားစွာ တင်ပြအပ်ပါသည်။
လေးဝတီသတင်းဌာနကို အမေရိကတွင် အခြီစိုက်ပြီး ထိုင်း၊ မလေးသျှား၊ စင်္ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ခ်ျ၊ မြန်မာပြည်တွင်းနန့် ရက္ခိုင်ပြည်နိန်ရာအနှံ့တွင် … Read entire article »
Filed under: ကြော်ငြာချက်
ဆရာတော်အသျှင်ဦးဥတ္တမ ပျံလွန်တော်မူခရေ ၇၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဖိတ်ကြားလွှာ
လေးစားအပ်ပါသော လူကြီးမင်းအားလုံး …. ကျွန်တော်ရို့ အာရှနီဝန်းအသျှင် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်းဆောင် ဖြိုက်တေ ဆရာတော်အသျှင်ဦးဥတ္တမ၏ (၇၃) ကြိမ်မြောက် အောက်မိန့်ဘွယ်အခမ်းအနားတစ်ရပ်ကို စက်တင်္ဘာလ ၉ ရက် ၂၀၁၂ နိ့တွင် ကျင်းပပြုလုပ်လားဖို့ ဖြိုက်ပါသည်။ ယင်းကြောင့် (၇၃) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမ အောက်မိန့်ဘွယ်အခမ်အနားသို့ မြန်မာတိုင်းရင်းသား ကိုယ်စားလှယ်တော်များကိုလည်း ဖိတ်ကြားလားဖို့ ဖြိုက်ပါသည်။ အားလုံးသော ရခိုင်လူမှုအဖွဲ့အစည်း၊ အမေရိကရောက် လူမှုအသိုင်းအ၀ိုင်းတိနန့် တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းတိက အမျိုးသားကိုယ်စားလှယ် (၃) ယောက်စီကို အခမ်းအနားသို့ တက်ရောက် ချီးမြှင့်အားပီးကတ်ဖို့ ဖိတ်ကြားအပ်ပါသည်။ ယင်းအခမ်းအနားကို ကျွန်တော်ရို့ ရခိုင်အမျိုးသားရေးအသင်း Des Moines Iowa မှ ကမကထပြု ကျင်းပလားဖို့ဖြစ်ပါ၍ လူကြီးမင်းများ အနိန်ဖြင့် အောက်ပါ အစီအစဉ်အတိုင်း မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖြင့် ရခိုင်အမျိုးသားရေးအသင်းမှ ဖိတ်ကြားအပ်ပါသည်။ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (ရခိုင်အမျိုးသားရေးအသင်း၊ Des Moines,IOWA) ကျင်းပမည့်နေရာ Wat Lao Buddhavas of Iowa 1804 S.E. Park Ave Des Moines IA 50320 ကျင်းပမည့်အချိန်။ ။နံနက်11နာရီ မှ 4နာရီထိ ကျင်းပမည်ရက်။ ။ … Read entire article »
Filed under: ကြော်ငြာချက်
ဘင်္ဂလီတိ ရက္ခိုင်ပြည်ကို ကျူးကျော်စစ်ဆင်နွဲဖို့ တရားဝင် စစ်ကြေငြာ
လေးဝတီ(ရက္ခိုင်ပြည်သား)။။အာဆီယံနိုင်ငံတိထဲက နောက်ထပ် နိုင်ငံသစ်တစ်ခုအဖြိုက် ဘင်္ဂလီပြည်သူတိအတွက် လွပ်လပ်တေ Islamic Republic of Rahmanland လို့ ဖေါ်ပြကြေငြာထားရေ ကြေငြာချက်တစ်စောင် ထွက်ပေါ်လာပြီးရေ နောက်ပိုင်း ရက္ခိုင်ပြည်အတွင်း ဘင်္ဂလီတိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရသေ့တောင်မြို့ ကုလားချောင်းကို ဘုတ် ၂ စီးနန့် လူအင်အား ၂၀ နီးပါးလောက် ၀င်ရောက်လာမူ၊ မောင်တောအခြီစိုက် လုံခြုံကင်းအဖွဲ့တိ၊ တရားခံဖမ်းဖို့ လာရေ တပ်ဖွဲ့ဝင်တိဘားက လက်နက်လုယူမူတိရေ ဆက်တိုက်ဆိုပိုင် ပေါ်ပေါက်နိန်ကြောင်း သိရပါသည်။
ယင်းလွတ်လပ်ရေးကြေငြာစာတမ်းကို ဒေဂုလ သြဂုတ် ၁ ရက် နိ့စွဲနန့် ထုတ်ပြန်ကြေငြာလိုက်ပြီးကေ နိုင်ငံသစ်နာမေကို Islamic Republic of Rahmanland မြို့တော်နာမေကို Syahida (လက်ဟိ စစ်တွေမြို့)၊ နိုင်ငံသစ် သမ္မတနာမေက Amim LLhan Kamil နန့် ဒုသမ္မတနာမေကို Faris L Shyaid … Read entire article »
Filed under: ကြော်ငြာချက်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ သဘောထား ထုတ်ပြန်ချက်
အောက်က link ကို click လုပ်၍ ဖတ်ပါ။ သဘောထားထုတ်ပြန်ချက် … Read entire article »
Filed under: ကြော်ငြာချက်
လက်ရှိဖြစ်ပျက်နေသော မောင်တော၊ စစ်တွေ အဓိဂရုဏ်းအတွင်း ဒုက္ခရောက်နေကြတဲ့ ပြည်သူများအတွက် ပါဝင် ကူညီလှုဒါန်းလိုသော အလှူရှင်များအနေဖြင့် ဆက်သွယ်ရန် ဌာနများ
အခုလက်ရှိဖြစ်ပေါ်နေတဲ့ မောင်တော/ ဘူးသီးတောင် ဒေသတွင်း လူမျိုးရေး အဓိကရုဏ်းမှာ အိုးအိမ် ဆုံးရှုံးသွားရသောသူများသည် နေထိုင်ရန် နေရာနှင့် အစားအသောက်များ အလွန်တရာ အခက်အခဲ ကြုံတွေ့နေကြရသည်။ အခက်အခဲကြုံနေရသူများ ယာယီအဆင်ပြေမူ ရှိစေရန် ဘုန်းတော်ကြီးကျောင်း များတွင် ရှိသော ကယ်ဆယ်ရေး စခန်းတွင် နေထိုင်လျက်ရှိပါတယ်။ နေထိုင်သူများ စားဝတ်နေရေး အဆင်ပြေစေရန်လည်း နီးစပ်ရာဒေသခံများမှ တတ်နိုင်သလောက် ကူညီပေးလျက်ရှိပါတယ်။ သို့ပါ၍ မိမိတို့ တတ်နိုင်သလောက် ပါဝင်လှုဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ နေရာဌာနများတွင် ဆက်သွယ်လှုဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ၁။ ။ စင်္ကာပူ ရခိုင်အသင်း ပျက်စီးဆုံးရှုံးမူများကို အချိန်မှီ ပြန်လည်တည်ဆောက်ရန်နှင့် အနေအထိုင်အစားအသောက်များကို မြန်မြန်ဆန်ဆန် ဖြည့်စွက်ပေးနိုင်ရန် စင်ကာပူနေ မြန်မာများမှ အလှူငွေ ထည့်ဝင်လိုသူများ စင်ကာပူ ရခိုင်အသင်းမှ တာဝန်ယူ ကောက်ခံပြီး အမြန်ဆုံး ပို့ပေးနေပါတယ်။ အလှူငွေများကို အကောင့်နံပါတ် (Posb Savings 133-23288-5) သို့ တိုက်ရိုက်လွှဲပို့နိုင်ပါတယ်။ လှူဒါန်းငွေ ပမာဏကို အောက်ပါ ဖုန်းနံပါတ်များအား အလှူရှင်နာမည်နှင့်တကွ ပို့ပေးနိုင်ပါတယ်။ အထူးကျေးဇူးတင်လျက်….။ (စင်ကာပူ ရခိုင်အသင်း) အသေးစိတ် သိလိုပါက ဆက်သွယ်ရန် … Read entire article »
Filed under: ပီးစာ, သတင်း, ကြော်ငြာချက်







