လေးဝတီ » သတင်း, ပြည်တွင်းသတင်း, နိုင်ငံခြားသတင်း » ဘင်္ဂလားဒေ့ရှ်က ရခိုင်တိလည်း စိုးရိမ်ပူပန်နိန်ရ
ဘင်္ဂလားဒေ့ရှ်က ရခိုင်တိလည်း စိုးရိမ်ပူပန်နိန်ရ
ဘဂ်လာဒေခ်ျ့ နိုင်ငံမှာ နီထိုင်နိန်ဂတ်တေ ရခိုငိအမျိုးသားတိကို အတတ်နိုင်ဆုံး ဘဂ်လာဒေခ်ျ့  အစိုးရ နယ်ခြားစောင့် တပ်တိနန့် ရဲတိက အကူအညီပီးနိန်ကေလည်း ရခိုင်သားတိဘဝ လုံခြုံရီးတိ ထိခိုက်လာနိုင်ရေ အနိန်အထားတိကို တွိမြင်နိန်ရရေလို့ ရခိုင်အသိုင်းအဝန်းက လေးဝတီကိုပြောသည်။
”ဒေနိန့်ထိတော့ခါ အာဏာပိုင်တိ စောင့်နိန်ဂတ်ပါရေ၊ ယေကေလည်း ကုလားတိက နက်ဖန်သောကြာနိန့် ဗလီမှာ ဝတ်ပြုပြီးကေ ဆန္ဒပြနိုင်ရေ အလားအလာဟိနိန်ပါရေ။ လွန်ခရေညက ကုမ္မိလာမြို့ က ဘာသာရီးအစွမ်းရောက် တချို့  အသံတိတ် ဆန္ဒပြမှုတိ ဖြိုက်ခရေလို့
ဘဂ်လာတီဗွီသတင်းတိမှာ ဖေါ်ပြခပါရေ” လို့ ပြောပါရေ။
ဆက်လို့ ”အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ရခိုင်ရွာတိဖြိုက်တေ သော်ဒီဂျာ၊ ကုလေချုပ်၊ မဟားဇော၊ စုတ်ကရာ(ခ)ထောင်သောင်းရွာ၊ ဟာရ်ဘင်း၊ မြစ်နားရွာ၊ ခြံချောင်း အစဟိရေ ရွာတိနန့် တောင်တန်းနယ် မရှက်ချောင်း င/ရ ကြီး ဗျိုင်းမတောက် ဘဂ်လာနပ်စပ်နန့် ပါးရေ ရွာနားက ကုလားတိ ဓါးသွီးပြ စကားအားတင် စနိန်ဂတ်ပါရေ။
ကျွန်တော်ရို့  ဇာလုပ်ရမှန်းမသိ ယေဒါလေး သမီးအပျိုမတိနန့် အသက်ကြီးတိကို တောင်တန်းနယ်ဖက်ကို ပို့ထားပါရေ။ ဒေနိန့် ဖလောင်းချိတ်က ရခိုင်ဂေါင်းဆောင်လူကြီးတိ ဖလောင်းချိတ်ခရိုင် အုပ်ချုပ်ရီးမှူး(DC)ဘားကို ဖလောင်းချိတ် သိမ်ပြင်မှာ အစည်းအဝေးချဖို့ ခွင့်တောင်းရေခါ ခရိုင်မှူးက ခွင့်မပြုပါ၊ “မပူကေ့ ငါရို့ မင်းရို့ အတွက် လုံခြုံရီးတိ ပီးမေပြောရေ”လို့ ရှင်းပြခပါရေ။
ဘဂ်လာဒေခ်ျ့ နယ်ခြားစောင့် (BGP)တပ်ရင်း လေးရင်းကို နယ်စပ်တလျှောက် မြန်မာနိုင်ငံဖက်က အကြမ်းဖက် ဘဂ်လီတိ ဝင်ရောက်မလာအောင် စောင့်ဖို့ လွှတ်လိုက်တေလို့ ဒေနိန့် (10)နာရီ ဘဂ်လာဒေ့ခ်ျ့  တီဗွီသတင်းတိမှာ ဖေါ်ပြလားပါရေ။
ဘဂ်လာနိုင်ငံမှာ အစိုးရနန့် အတိုက်အခံတိကြားမှာ နိုင်ငံရီးရှုပ်ထွီးမှုတိ၊ အလုပ်သမားတိ ဆန္ဒပြလို့ ရဲက သေနပ်ပစ်လူစုခွဲမှုတိနိတိုင်းလိုလို ရိုးရာပိုင် ဖြိုက်နိန်ရေလို့လည်း ဘဂ်လာသတင်းထောက် တယောက်က လေးဝတီကို ပြောပြပါသည်။
”ဘင်္ဂလာဒေခ်ျ့  အစိုးရကို (UNHCR)က ဇာလောက် ဖိအားပီးပီး မြန်မာကိစ္စကို လုံးဝလက်မခံနိုင်ကြောင်းနန့် အကြမ်းဖက် ဘဂ်လီမူဆလင် အစွမ်းရောက်တိ ဝင်လာဖို့ စော်ကို လက်မခံနိုင်ဗျာယ်၊ ကျွန်တော်ရို့ တိ သိပါရေ၊ ဒေရခိုင်ဖြိုက်စိုင်တိကို နောက်ကွယ်က ဇာသူရို့ တိ ကြိုးကိုင်နိန်လည်း ဆိုစော်၊ ကိုးကွယ်ရေ ဘာသာတူကေလည်း အေလ်ကိုင်ဒါ အကြမ်းဖက်တိနန့် ဆက်နွယ်စော်တိကို ကျွန်တော်ရို့ အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်နိန်ဘာရေ ဘဂ်လာဒေခ်ျ့ မှာ တနိုင်ငံလုံး တချိန်တည်းမဘဂ်လာဒေခ်ျ့ မှာ တနိုင်ငံလုံး တချိန်တည်းမှာ အကြမ်းဖက် ဗုံးဖေါက်တေခါ ကဘင် ကျွန်တော်ရို့ နားလည်ထားပါဗျာယ်၊ နက်ဖန် သောကြာနိန့် ဘာသာရီးအစွမ်းရောက်တိ ဆူပူနိုင်ရေ သတင်းတိရထားပါရေ လုံခြုံရီးတိနန့် စောင့်ကြည့်နိန်ပါရေ”လို့ ပြောပြပါသည်။
စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဦးအောင်ထွန်းဦးလမ်းထဲက AZG ရုံးအား တပ်မတော်မှ ရှာဖွေမှုများ ပြုလုပ်ခကြောင်း သိရသည်။ ရှာဖွေမှုပြုလုပ်တေအချိန်မှာ မိုးထက်ဖက် ၁၁ နာရီ ၃၀ မိနစ်က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်လောက်အထိ အချိန် ၃ နာရီလောက် ကြာမြင့်ခကြောင်း သိရပါရေ။ AZG က အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တေ ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) နန့် အရေးယူထားကြောင်း စစ်တွေမြို့ရှိ လုံခြုံရေးတာဝန်ရှိသူတစ်ယောက်က အတည်ပြု ပြောကြားခပါရေ။
ခိုင်ဥက္ကာပျံ (ဒါကာ)
Filed under: သတင်း, ပြည်တွင်းသတင်း, နိုင်ငံခြားသတင်း













