လေးဝတီ » သတင်း, ပြည်တွင်းသတင်း » ကျောက်တော်မြို့မဈေးကို မီးတိုက်ဖို့ကြံစည်ရေ ဘင်္ဂလီတိကို ကြိုတင် ဖမ်းဆီးလိုက်နိုင်ကေလေ့ အရေးယူခြင်း မရှိဘဲ ပြန်လွတ်ပီးလိုက်
ကျောက်တော်မြို့မဈေးကို မီးတိုက်ဖို့ကြံစည်ရေ ဘင်္ဂလီတိကို ကြိုတင် ဖမ်းဆီးလိုက်နိုင်ကေလေ့ အရေးယူခြင်း မရှိဘဲ ပြန်လွတ်ပီးလိုက်

ရခိုင်ပြည်မှာ ဖြစ်ပျက်နိန်ရေ အကြမ်းဖက်မှုတိ ပပျောက်အောင် အဖက်ဖက်က ကြိုးစားနိန်ကတ်တေ အချိန်မှာ ဘင်္ဂလီ ၄-ယောက်သည် ဘင်္ဂလီခေါင်းဆောင်တချို့၏ စေခိုင်းမှုအရ ကျောက်တော်မြို့မဈေးကို ဓါတ်ဆီ (၃) ဂါလံနန့် မီတိုက်ဖို့ ကြံစည်မှုတစ်ခု ဒေလ ၁၂ ရက်နိ နိခင်းဖက် တစ်နာရီလောက်မှာ ဖြစ်ပွားခကြောင်း သိရပါရေ။
၎င်းဘင်္ဂလီ (၄)ယောက်အား ရဲစခန်းသို့ ကျောက်တော်မြို့မိ/ဖ တိက သဘောထားကြီးကြီးနန့် ကျောက်တော်ရဲစခန်းသို့ အပ်နှံခရေလို့ သိရသည်။ သို့သော် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ရဲမှတာဝန်ရှိသူများကို တပ်မမှူး၏ ခိုင်းစေမူဖြင့် ၎င်းရို့နီထိုင်ရာ ဘင်္ဂလီတိ နီထိုင်ရာ ပိုက်သည်ရပ်သို့ နာရီပိုင်းအတွင်းချက်ချင်း ပြန်ပို့ခဲ့ကြကြောင်း သိရပါသည်။
၎င်းနည်းတူ (၁၃ / ၆/ ၂၀၁၂) နေ့ ဘင်္ဂလီ (၂)ဦးသည် ဓါတ်ဆီပုံးများပါလာသော (ဟွန်ဒါ)စက်လှေဖြင့် ဈေးဆိပ်မှ
ဆိုက်ကပ်ပြီး မီးရှိုးရန်ကြံစည်လာသည်ကို ပြည်သူ့ ရဲတပ်ဖွဲ့မှတွေ့ရှိရာ ရဲစခန်းသို့ပို့လိုက်သည့်အခါ ၎င်းနည်းအတိုင်း ပြည်လည် လွတ်ပေးလိုက်သည့်အတွက် သက်ဆိုင်ရာတပ်မမှူးအား ကျောက်တော်မြို့နယ်သူ/ နယ်သားတိအနိန်နန့် သံသယစိတ်တိ အထူးတိုးပွါးလျှက်ရှိကြောင်း သိရပါသည်။
ခိုင်မြတ်စော(ကျောက်တော်)
Filed under: သတင်း, ပြည်တွင်းသတင်း













