ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခရေ တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နိ မိုးထက်ဖက် ၁၁နာရီ ၅၀မိနစ် အချိန်မှာ သီဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ဗျယ်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်က ရှေ့နေတစ်ယောက်က The Voice Weeklyသို့ ပြောကြားခရေ ဆိုပါရေ။
ယင်းအမှုကို ဇွန်လ ၈ ရက်နိမှာ ပထမဆုံး အခေါက်အဖြစ် စတင်စစ်ဆေးခပြီးကေ ဒုတိယအခေါက်အဖြစ် ဇွန်လ ၁၁ရက် နိက ၁၅ရက်နိအထိ နှစ်ဖက်လုံးက သက်သေတိ၊ တရားလို တရားခံတိကို စစ်ဆေးခကြောင်း၊ ယင်းသက်သေတိ၏ ထွက်ဆိုချက်တိကို ရယူပနာ ယင်းပိုင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ထိုရှေ့က ဆက်ပြောပြပါရေ။
ပြစ်မှု ကျူးလွန်သူတိအဖြစ် စွပ်စွဲခံထားရသူ အစ္စလာမ်ဘာသာဝင် သုံးယောက်အနက် ထက်ထက် (ရော်ရှီး) ရေ မိမိကိုယ်ကို အဆုံးစီရင်လားပြီးကေ ကျန်နှစ်ဦးဖြစ်တေ ရော်ဖီး၊ ခိုရှီး ရို့ရေ ယင်းပြစ်ဒဏ်ကို ခံစားရဖို့ဖြစ် ကြောင်း အဆိုပါရှေ့နေက ရှင်းပြပါရေ။
မသီတာထွေးရေ မေလ ၂၈ရက်နိက ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်က စက်ချုပ်သင်လို့ နေအိမ်သို့ ပြန်လာစိုင် မူဆလင်ဘာသာဝင်တိနေထိုင်သော ကျောက်ထရံရွာနားမှာ မူလဆင်ဘာသာဝင်သုံးယောက်က မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခြင်းခံခရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတိကတစ်ဆင့် ဇွန်လ ၅ရက်နိမှာ ဖော်ပြခပါရေ။