လေးဝတီ » သတင်း, ပြည်တွင်းသတင်း » ရခိုင်အရေးပြဿနာကို ရခိုင်ပါတီအချင်းချင်း ဆွေးနွေးဖို့ သမ္မတ ခေါ်ယူတွိ့ဆုံ
ရခိုင်အရေးပြဿနာကို ရခိုင်ပါတီအချင်းချင်း ဆွေးနွေးဖို့ သမ္မတ ခေါ်ယူတွိ့ဆုံ
လေးဝတီ (ရန်ကုန်)။ ။နိုင်ငံတော်သမ္မတရေ ရခိုင်ပြည် အရေးနန့် ပတ်သက်ပြီးကေ ရခိုင်တိုင်းရင်းသားပါတီနှစ်ခုကို သြဂုတ်လ ၈ ရက်နိန့် ညဇာပိုင်းအချိန်တွင် နေပြည်တော်မှာ သီးသန့်တွိ့ဆုံခရေလို့ သိရပါသည်။
ယင်းတွိဆုံပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က အဖွဲ့ဝင် ၆ ယောက်နန့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) က အဖွဲ့ဝင် ၄ ယောက် စုစုပေါင်း ရခိုင်ဂေါင်းဆောင် ၁၀ ယောက် တက်ရောက်ခကတ်ပါသည်။
“ရခိုင်ပြည်နယ်အတွင်း ဖြိုက်ပွားခရေ ကိစ္စရပ်တိနန့် ပတ်သက်လို့ ရခိုင်ပါတီအချင်းချင်းဆိုကေ အဆင်ပြေဖို့ဆိုပနာ ခေါ်တွိ့ပြီး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာနှင့် ဆက်ဆံမှု ကောင်းမွန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတိနန့် ရခိုင်တိုင်းရင်းသားပါတီတိ ပူပေါင်းဝင်ရောက်ကူညီပီးဖို့ နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံခရေ” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောဆိုပါသည်။
ရခိုင်ပြည်နယ်ကို တရားမ၀င် ခိုးဝင်လာသူတိကို အရေးယူခြင်း၊ သင့်တော်ဖို့ Camp တိမှာ ထားရှိခြင်း၊ တတိယနိုင်ငံတစ်နိုင်ငံက လက်ခံပါက ပို့ပီးခြင်း သမ္မတဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ဖို့ ရခိုင်ပါတီ ၂ ခုက တင်ပြခကတ်ပါသည်။
ဇူလိုင်လ ၁၈ ရက်နိန့် က လည်း ဒီမိုကရက်တစ် မဟာမိတ် ၁၀ ပါတီက သမ္မတ ဦးသိန်းစိန်နန့် တွိဆုံခပြီး ယင်းတွိဆုံမူတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တက်ရောက်ခပါသည်။
ယင်းတခေါက် တွိ့ဆုံချိန်ကလည်း ရိုဟင်ဂျာ နာမေခံ ဘင်္ဂလီတိနန့် ပတ်သက်ပြီး ပြည်ထဲက အမြင်မရှင်းရေ ဒီမိုကရေစီအင်အားစု တချို့၊ ပြင်ပ သံတမန်အသိုင်း အ၀ိုင်းတိ၊ နိုင်ငံတကာ သံရုံးတိက ရိုဟင်ဂျာဆိုစော် ဇာပိုင် လူမျိုးတိလည်း ဆိုစော်ကို ဂဃနဏ မသိဖြိုက်နိန်ဂတ်ကြောင်း၊ ယင်းအကြောင်းကို ရခိုင်-ဗမာ ပညာရှင်တိနန့် နိုင်ငံတကာ သမိုင်းပညာရှင်တိ စုပြီးကေ နေပြည်တော်မှာ သမိုင်းဆိုင်ရာ Seminar ဖြစ်ဖြစ် Workshop ဖြစ်ဖြစ် ပြုပ်လုပ်သင့် ဆိုရေ အကြောင်းတိနန့် သဘာဝဓါတ်ငွေ့က ရရေ အကျိုးအမြတ်တိကို ရခိုင်ပြည်သူတိ ပညာရေး၊ ကျန်းမာရေး၊ မီးရရှိရေး စရေ အကြောင်းတိကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က သမ္မတကို တင်ပြဖူးပါသည်။
သမ္မတ ဦးသိန်းစိန်သည် ရခိုင်နိုင်ငံပါတီ ၂ ခု အား သီးသန့် တွိ့ဆုံမူသည် ပထမဆုံးအကြိမ် ဖြိုက်ပါသည်။
သြဂုတ်လ ၄ ရက်နိန့်ကလည်း တိုင်းရင်းသားပါတီတိနန့် တွိ့ဆုံပွဲကျင်းပခပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် တက်ရောက်ခပါသည်။
ဒေတကြိမ်မှာ တရားမ၀င် ခိုးဝင်လာရေ ဘင်္ဂလီတိအရေးကို အဓိကထားဆွေးနွေးပြောကြားခပနာ ပြန်လည်ထူထောင်ရေး လုပ်တေအခါ နှစ်ဖက်စလုံးကို မျှမျှတတ ကူညီပီးဖို့ သမ္မတက ပြောခရေလို့ သိရပါသည်။ သမ္မတရေ လက်ဟိဖြိုက်ပွားနိန်ရေ ဘင်္ဂလီအရေးကို ထိထိရောက်ရောက် ကိုင်တွယ်မူညံ့ဖျင်းနိန်သိမ့်ကြောင်း အပြင်လောကတွင် နိုင်ငံရေးသမားတိက ဝေဖန်သုံးသပ်နိန်ဂတ်ပါသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရန်ကုန်တိုင်း ပါတီကော်မတီသစ် ရွေးချယ်ပွဲ အစည်းအဝေးတစ်ခုကို လာဖို့ သြဂုတ်လ ၁၁ ရက်နိန့်တွင် အဂုအသစ်လူငယ်တိနန့်ပါ တိုးချဲ့ဖွဲ့စည်းပနာ ကျင်းပပြုလုပ်ဖို့ဖြိုက်ကြောင်းလည်း သတင်းရဟိပါသည်။
Filed under: သတင်း, ပြည်တွင်းသတင်း













