Articles Comments

လေးဝတီ » နည်းပညာသတင်း, ဆောင်းပါး » ရခိုင်သားတိနန့် အိုင်တီ

ရခိုင်သားတိနန့် အိုင်တီ

IT လို့ ဆိုစော်မှာအဂုခေတ်အခြီအနေအရ ကွန်ပျူတာပိုင်ညာရပ်နန့် အင်္ဂလိပ်စကားပြောရေ အသုံး အ၀င်ဆုံး အဆင့်မှာ ဟိရေ အတွက် ခေတ်လူငယ်ချေတိရေ အင်္ဂလိပ်စာသင်တန်းတိ၊ ကွန်ပျူတာ သင်တန်းတိကို အလု အယက် တက်လာကတ်စော်ကို တွိ့ရလို့ ၀မ်းသာဖို့ ကောင်းပါရေ။ ခေတ်အခြီအနီအရ အမှန်တကယ် လည်း အေပိုင်ညာရပ်တိစော် လိုအပ်ချက်ဟိပါရေ။ အလုပ်တခု ရဖို့ဆိုစော် မလွယ်ကူရေ ခေတ်မှာ အလုပ် တခုလျှောက်ရစော်နန့် ကွန်ပျူတာ တတ်လား၊ အင်္ဂလိပ်စကားပြောရလားဆိုစော် အယင်း အမီးခံရရေ။

ယင်း ပိုင်ဖြိုက်လို့ အေခေတ်ကို IT ခေတ်လို့ ပြောသံတိကို ကြားနီရရေ။ ယင်းပိုင်ဆိုကေ IT ဆိုစော်ဇာလဲ Information and Technician ကို ပြောစော်ပါ။ Information ဆိုစော် သတင်းအချက်အလက်တိ ကိုဖော်ပြစော်ပါ။ ပတ်ဝန်ကျင်မှာ ဇာဖြိုက်နီလဲ၊ တခြားနီရာ ဒေသတိမှာကား ဇာပိုင်ပြောင်းလဲနီရေလဲ ဆိုစော် ကို အချိန်နန့် တဗြီးညီ သိယှိနိုင်အောင် လုပ်ဆောင်ပီးနိုင်စော်ကို Information လို့ ခေါ်ပါရေ။ ယင်းချင့် ကို ဖော်ပီး ရာမှာ ကွန်ပျူတာ၊ ဖုန်း၊ တီဘီ၊ ဂျာနယ်၊ မဂ္ဂဇင်းရို့ရေ အဓိ သတင်းအချက်အလက်တိ ကို ဖော်ပြပီးနီရေ နီရာတိဖြိုက်ပါရေ။

Technician ဆိုစော် အတတ်ပိုင်ညာပါ။ အေချင့်မှာ Technician ဆိုစော်မှာ နယ်ပိုင်တိုင်းမှာ အတတ်ပိုင်ညာ ကျွမ်းကျင်ရေ လူတိကို Technician လို့ခေါ်ပါရေ။ အေချင့်မှာ အဓိက ပြောချင်စော်က ကွန်ပျူတာ Technician ကို ဦးတည်ပြောကတ်စော်ကို များပါရေ။ ကွန်ပျူတာ Technician ဆိုစော်မှာ ကွန်ပျူတာ ပိုင်ညာရပ်ကို အဓိက အခြီခံပြီးကေ လူထုအကျိုးပြုနန့် ကွန်ပျူတာ အတတ်ပိုင်ညာကို အခြီခိုင်ပနာ လုပ်ကိုင်စားသောက်တေ ပိုင်ညာရှင်ကို ခေါ်ဆိုစော်ပါ။

အေပိုင်ဆိုကေ ကျနော်ရို့ ရခိုင်မှာ Technician ဇာနှစ်ယောက်လောက် ဟိနီဗျာလ်လဲ။ သင်တန်း တိအေလော က် တတ်နီကတ်တေ ကြားမှာ အတတ်ပိုင်ညာရှင်ဇာလောက် ထွက်ပေါ်လာဗျာလ်လဲ။ နိုင်ငံတကာမှာ ဇာလောက်ထိ ထိုးဖောက်ဝင်ရောက် နီရာယူနီကတ်ဗျာလ်လဲ ဆိုစော်က အဓိက တိုင်းတာရဖို့ အချက်အလက် ဖြိုက် ပါရေ။ အေနိ ကွန်ပျူတာသုံး Opration System တိဖြိုက်တေ Windows, Lunix, Mac တိ အပေါ်မှာ ရခိုင် Technician လုပ် Application ဇာနှစ်ခုလောက် ထွက်လာဗျာလ်လဲ။ လက်တဖက်ပြည့်အောင် မတွိ့ရ သိမ့်စော်က လိုအပ်ချက်တိကို ပြနီပါရေ။ ယင်းနည်းတူစော်ပဲ ရခိုင်နန့် ပတ်သတ်တေ နိုင်ငံတကာ အဆင့်မှီ ၀က်ဆိုက် Online မှာ ဇာနှစ်ခုလောက်ဟိဖို့လဲ။ အားလုံး လက်တဖက်ပြည့်အောင်မဟိပါ။

ယင်းပိုင်ဆိုကေ ကွန်ပျူတာ Technician လို့ ပြောရလောက်အောင် ရခိုင်ပြည်လူထု ခြောက်သန်းနီပါးမှာ လုံလောက်တေ ပိုင်ညာရှင်တိ အေနိထိ မဟိသိမ့်စော်ကို တွိ့ရပါရေ။ ယင်းပိုင်ဆိုကေ ကွန်ပျူတာ ပိုင်ညာရပ်ကို လေ့လာနီ ကတ်တေ လူငယ်တိရေ အခြီခံအဆင့်၊ စာစီစာရိုက်အဆင့်၊ အီးမဲလ်၊ အင်တာနက် သုံးရေအဆင့်လောက်မှာ တ၀ဲလည်လည်နီပြီးကေ ယင်းထက်က ကျော်လာကေ ချက်တင်မှာ အချိန်ကုန်နီကတ်စော်နန့်၊ ဂိမ်းကစပ် ပြီးကေ အချိန်ဖြုန်းနီကတ်စော်နန့် ယင်းပိုင် လူငယ်တိကို အများကြီး တွိ့ရပါရေ။

တချို့ဆိုကေ အင်တာနက် ဆိုစော်ကို ကြားဖူးရုံလောက်ကြားဖူးပြီးကေ မမြင်ဖူးစော်တိလည်း အများကြီးပါ။ ယင်းပိုင်ဖြိုက် လို့ တိုးတက်ပြောင်းလဲ မြန်ဆန်နီရေ ခေတ်ကြီးမှာ ကဘာနန့် ရင်ဘောင်တန်နိုင်ဖို့ ကျနော်ရို့တိရေ အဂု လက်ဟိ လားနီရေ သမားရိုးကျ လမ်းကြောင်းနန့် လားလို့ မရပါဗျာလ်။ ဗမာအသိုင်းအ၀ိုင်းမှာဆိုကေ အတတ်ပိုင်ညာ ရှင် တိရေ ခေတ်ရီစီကြောင်းပြောင်းလဲစော်နန့် လိုက်လျောညီထွေ ပြောင်းနိုင်အောင် ကြိုးစားနီကတ်စော်ကို တွိ့ရပါရေ။

အခြားတိုင်းရင်းသားတိဖြိုက်တေ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ချင် ရို့တိလည်း သူ့ အတိုင်း အတာနန့် သူရို့ ရှေ့ကို ရောက်နီကတ်ပါဗျာလ်။ ကျနော်ရို့ ရခိုင်တိမှာ သမိုင်းဒဏ်ပိပြီးကေ တ၀ဲလည်လည် ကျန်နီခစော်တိကို ၀မ်းနည်းစော်နန့် တွိ့မြင်နီရပါရေ။ ယင်းပိုင်ဖြိုက်လို့ IT Field ထဲကို ၀င်ဖို့ ကြိုးစားနီ ကတ်တေ လူငယ်ချေတိလည်း လက်တဆုပ်စာ လောက်ကို မကြည့်ဘဲ ကဘာနန့် ရင်ဘောင်တန်နိုင်အောင် ကြိုးစားသင်ဗျာလ်လို့ တိုက်တွန်းလိုက်ပါရေ။

ရခိုင်ပြည်ကြီး တိုးတက်ပါဇီ
သျှင်သွီး

 

Written by

Comment ပီးသူများ သိစီရန်။

လေးဝတီ ၀တ်ဆိုက်တွင် Comment ပီးသူများ၏ ရိုင်းစိုင်းသော အသုံးအနှုန်းများကို တင်ပီးလားဖို့ မဟုတ်ပါ။ ဓမ္မဓိဌါန်ကျကျ အပြန်အလှန်ဆွေးနွေးတင်ပြသော Comment များကိုရာ တင်ပီးလာဖို့ ဖြစ်ပါကြောင်း အသိပီးအပ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါရေ။

Filed under: နည်းပညာသတင်း, ဆောင်းပါး

Leave a Reply

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>