Articles Comments
လေးဝတီ » တင်ပြချက်, ဆောင်းပါး » ရင်ကိုလာမှန်ရေ ဖုန်းစကားသံ
ရင်ကိုလာမှန်ရေ ဖုန်းစကားသံ
ဒေလောက် ညဉ့်ခါ ဇာကအာဂန္တု လေးမသိ ခြံဝဝါးတံခါးကို ဖွင့် လိုက်စော်နန့်  အိုမင်းနီရေ ဝါကြီးတယောက် နန့် နောက်က မြီးအရွယ် ကလေ့ မေချေ တယောက် ကလေချေတယောက်
‘’ထိုင်ကတ်ပါ ဇာကလာကတ်စာဘာလေး’’ လောကွတ်စကားလို့ မဆိုသာကေလည်း မသိမသာအကဲခတ်ဗျာယ် မိန်းဖြစ်လိုက်ပါရေ။ ကလေချေက ချက်ချင်း ‘’ဒေပိုင်ဘာ ဘကျီး ကျွန်တော့ အဖိုးပါ ဒေသူကညီမပါ ဘားဘာနန့် ဆက်သွယ်ဖုန်းဆက်ချင်လို့  ဟိုးအဝီးကပင် ဝမ်းစာစပါးရောင်းလို့ လာကတ်စာဘာ ကောင်းဆင်းရဲဘာရေ စောစောချေက ပင် ဘုတ်ကြုံစီးလို့ လာကတ်စာဘာ အိမ်ကမိုးထကပင် ကောက်ညင်းစားလို့ လမ်းမှာ ဘုတ်လေးပျက်နိန်ပါရေ ယေနန့် တရက်လုံး ထမင်းမစားရဘာသိမ့် ငွေပါလာစာနန့် လောက်ပါဖို့ လား ကြောင်းရလို့  ဖုန်းဆက်ခ ဇာလေက်ကုန်ဖို့ မှန်းမသိခါ တခုလေးမစားဝန့် ခဘာ’’ဆက်တိုက်ပြောနိန်ရလို့ အာခြောက် လားဟန်တူပါရေ ယင်းအတွက် မျက်စိက ထိုဖက်ဒေဖက် ရှာနိန်ခါအလိုက်သိသိနန့် ရီသန့် ပုလင်းကိုချပီးလိုက်ပါရေ။
‘’ဒေရီက ဖေ့ ချာနန့် ဝယ်ရစာပါမနား ဘကျီးမှာ ဒိုးအိုး(ဘရီ)မဟိဘာလား’’ ဆင်းရဲဟန်ပေါက်နိန်ကေလည်း ဆက်ဆံရီးပြေပြစ်တတ်သူ ထင်ပါယင့် ကျွန်တော်က စိချေ ပွင့်ပွင့်လင်းလင်းကျအောင် ‘’သောက်သောက် အစစ်ကေရို့  အားမနာကေ့ ဒေ ကိုယ့်အိမ်ပိုင်မှတ် စိုးချေဝေး အာဂန္တုလာရေ ထမင်းစားကတ်ကတ်စီ ခူးလိုက် ထထ’’အိပ်နိန်ရေ တပည့်ချေကို ဒေလောက်ချမ်းစော်မှာ မနိုးချင်ကေလည်း မတတ်နိုင် အလိုက်သိထားရေ တပည့် ချေက ဗြုန်းခနဲ့ ထဗျာယ် ဆရာအတွက်ခူးထားရေ ထမင်းနန့်  မိုးထစောစော ထမင်းကျော်စားဖို့ ထားရေ အိုးထဲမှာ သီးသန့် ဖယ်ထားရေ ထမင်းတိကို ခူးနီယင်းနန့် ဘင်ခြင်းထဲက ကြက်ဥတိ ကြက်သွန် ဆား ဆီ အစုံ လုပ်ဗျာယ် သုံးယောက်စာ ထမင်းပွဲကို ပျင်ဆင်နိန်ပါရေ။ ဒေနိန့် အာစရိ ငတ်ဗျာယ်ဆိုရေ အသိနန့်  အကြည့် ကို တချက်ပြခယင်း
ဆရာဖြစ်တေလူအတွက် လဘက်ရည်ချိုတခွက်နန့်  အဖန်ရည်တည်ဖို့ ထန်းညက်ဗူးကို လက်တဖက်က ကိုင်လို့ လက်ကဒိန်းမှာလေးညှပ်လို့  ကျံတဖက်နို့ စည်သကြား အဖန်မှုံ့ တိကို ယူဗျာယ် မီးဖိုသို့ ထွက်လားခါမှ ‘’စားကတ်ပါ အားမနာပါကေ့ နန့် ’’ပလုပ်ပလောင်း အားရပါးရစားနိန်ရေ ဝါကြီးနန့် ဂေါင်းငုံ့ စားနိန်ကတ်တေ မောင်နှမ နှစ်ယောက် ကိုကြည့် ဗျာယ် အင်းတထပ်အငတ်ခံ လှူလိုက်တေ အလှူတခုပါလားလို့ စိုင်းစားမိပါရေ။စားသောက်ဗြီးကတ်ဗျာယ် ဖြစ်လို့ စောစောက ရုပ်နန့် မဆိုင်ဘဲ အင်တန်ချေ လန်းဆန်းနိန်ပါရေ။ကွမ်းစားသွားတိ ငုတ်တိငုတ်တုတ်နန့် ထမင်းကျွေးရေ အတွက်ပီးလာရေ ဆုကြောင့် ရင်ထဲမှာ ပိတိဖြာမိစော်ကအမှန်ပါ။
‘’အဖိုး ဆရာကမာဗြီးသား ချမ်းသာဖို့ လည်းခက်ဖို့ မဟုတ် ဟို….အယင်စကေစွန်ဘာစီ ဆု ကိုရာပီးရဘာဖို့ ’’ဇာအချိန်ကပင် စောင့်လို့ နိန်ရေ ချစ်တပည့် ချေ အချွန်းစကားအတွက် ငါးယောက်စလုံး ‘’ဝါး’’ ကနဲ့ ရယ်ဖြစ်မိကတ်ပါရေ။ ညဉ့် နက်လာစော်နန့် စကားဝိုင်းက စိချေသွက်လာပါရေ အလုပ်ကိစ္စဖက်ကို လှည့်လိုက်မိပါရေ အမေရိကန်ဖုန်းနံပါတ်တခု ထုတ်ပီးရေ အတွက် အချိန်ကလည်း စိသားကိုက် မြန်မာညဉ့် တနာရီခွဲ အမေရိကမှာ မွန်းတည့်ပါ မိမိဖုန်းကို ကောက်ဆက်လိုက်ပါရေ။
’’ဟလို မဂ်လာဘာ ကျွန်တော် ရခိုင်ပြည် မြေပုံမြို့ ထက်ကဆက်နိန်စော်ဘာ အကိုယ့် အဖနန့် သားသမီးတိလည်း အနားမှာ ရှိပါရေ ယင်းကပြန်ခေါ်လိုက်ပါနန်း’’ကျွန်တော်က ဝါကြီးရို့ ငွေအနည်းချေ ကုန်အောင် ပြန်ခေါ်ခိုင်းလိုက်စော်ပါ တပည့် ချေ ထဲပီးလာရေ ဓါတ်ဗူးရာ တက်တက်ပြောင်လားပါယင့်  ဖုန်းကပြန်မခေါ် အားကိုးတကြီး ကြည့် နိန်ကတ်တေ ဖြစ်လို့ ထပ်လို့ ခေါ်လိုက်ပါရေ အမေရိကန်က ချက်ချင်းကိုင်ပါရေ။
‘’ဆော်ရီ ဗြာသာ ဒေါ်လာထဲ့ ဖို့ မရသိမ့် ဒေ ဘားဘာကို ပီးလိုက်ပါ တချက်’’ မြီးအဖိုးတိ နာရီဝက်နီးပါး ပြောလို့ မဆုံး ကလေချေက အလိုက်သိလို့ ’’ထားဖိဖိုးဖို ငွေဇာလေက်ကျယာလေးမသိ’’သားနန့် ဖုန်းပြောဖြစ်စော် အဆင်ပြေဟန်မတူပါ ယေဇူးကြောင်းငွေက အနည်းချေ ပါလာစော်မှာ နာရီဝက် ဆက်ကတ်တေဆိုပါကေ
အတွေးစတိကို ဖြတ်လိုက်ပါရေ။ အဓိပ္ပါယ်မဲ့ မျက်စိအကြည့် ကို အောက်သို့ ဇာမဟုတ်စိုက်ကြည့် ထားပါရေ အမေရိကမှာ နိန်ရေ သား ဒေမှာ ကျံခရေ သားသမီး လားဖို့ ခါ ရောင်းလို့ ပေါင်လို့ ပီးလိုက်တေငွေ သားအကြီးရှင်ပြုဖို့ ကိစ္စ နန့်  ငွေတောင်းဖို့ လာရေ အဖ
ဝါကြီး မျှော်လင့် ချက် မပီပြင်လို့ ပွင့် အံလာရေ စကားတိက ကျွန်တော့ နှလုံးသားကို နာကျင်မိစော်တော့ ခါ အမှန်ပါရာ။ ယေဒါလေးသွင့် နိန်စိုင်ကြုံနိန်ရ ကြားနိန်ကျ စကားတိပိုင်ဖြစ်နိန်ဘာဗျာယ်။မိုးကရောင်နီပျိုးပါလတ်ပါရေ။ကျသင့် ငွေကိုလျှော့လို့ ယူလိုက်ပါရေ။ဂေါင်းငိုက်လို့ ထွက်ခါလားကတ်တေ သူရို့ နောက်ကျော့ ကို ကြည့် လို့ သက်ပြင်းအသာချေချလိုက်မိပါရေ။တညဉ့် လုံးမအိပ်ရသိမ့် ခါ လူကလည်း မလန်းဆန်းချင်ဖြစ်လာဘာရေ။ အိပ်ရာဝင်ဖို့ လှဲလိုက်ပါရေသိမ့်  ဖုန်းကမြည်လာပါရေ
ဖုန်းဆိုင်ဖြစ်နိန်ရေ အတွက်လက်ခံမိန်းဖြစ်ပါရေ။ တလမ်းကျော်က အဖကိုခေါ်ခိုင်းရေ
နိုင်ငံခြားကဖုန်း ခေါ်ပီးခလေး ဖေ့ သာယူလို့ မကောင်းပါ။ အပါးချေကလူ ဖြစ်နိန်ပါရေ။မိုးမလင်းချင်ပါသိမ့် ဝါးကနဲ့ တချက်သမ်းမိပါရေ ကောင်းကောင်းပျင်းဖို့ ကောင်းရေ ခြီလှမ်းတိနန့် နိုင်ငံခြားက ဒေါ်လာစား သားတော်မောင် ဖုန်းထဲမှာ ကြွားထားစော်တိကို အမှတ်ရမိဘာရေ။ အမှန်ဒေါ်လာတိရကေ အဖသည်ကို ဖုန်းချေတလုံးတောင် မဝယ်ပီးနိုင်ပါ နိန့် တိုင်းမဟုတ်ကေလည်း သုံးလေးရက်ခြာ
တမြို့ လုံးက သူငယ်ချင်းတိ အမျိုးတိကို ခေါ်ခိုင်းနိန်ပါရေ အလိုက်ကန်းဆိုးမသိရေ လူတယောက် ဒေပိုင်ပြည်ပမှာ နိန်လို့ ’’တလကို ဒေါ်လာဇာလောက်ရရေ လာချင်ရေ အကို ရခိုင်ကို တခုလေးမတိုးတက် မီးမဟိ ကွန်ပျူတာ အွန်လိုင်းမဟိ တိုက်မဟိ’’ အော်မကြာခင်က လားခရေ လူက ကျွန်တော် တခုရာစိုးရိမ်မိစော်က အမှန်ပါ။ ယင်းလူဇာနိန့် ခါ ဖုန်းဆက်လို့ 
‘’အကို မတိုးတက်တေ ရခိုင်ပြည်ကို မလာချင်လို့ ဒေမှာ အဖြူမ တယောက်နန့် လက်ထပ်လိုက်တေလို့  ဘားဘာနန့် သူငယ်ချင်းတိကို ပြောပြလိုက်ပါ’’ ဆိုရေ စကားကို ဇာနိန့် ပြောလာဘာဖို့ လေးဆိုစော်ကို စောင့် လို့  ခြီလှမ်းတိ သွက်လာဘာဗျာယ်ယေ။
(လူနိန်ရပ်မြို့ အမှန်တိကို လွှဲထားပါရေ ယေကေလည်းတိုက်ဆိုင်ခကေ တိုက်ဆိုင်လူကို ရည်ညွန်းပါသည်။)
ခိုင်ဥက္ကာပျံ(လေးဝတီ)
Written by
Comment ပီးသူများ သိစီရန်။
လေးဝတီ ၀တ်ဆိုက်တွင် Comment ပီးသူများ၏ ရိုင်းစိုင်းသော အသုံးအနှုန်းများကို တင်ပီးလားဖို့ မဟုတ်ပါ။ ဓမ္မဓိဌါန်ကျကျ အပြန်အလှန်ဆွေးနွေးတင်ပြသော Comment များကိုရာ တင်ပီးလာဖို့ ဖြစ်ပါကြောင်း အသိပီးအပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါရေ။
Filed under: တင်ပြချက်, ဆောင်းပါး
Leave a Reply
*
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>