Articles Comments

လေးဝတီ » ကြော်ငြာချက် » ရီပိုင်နက်ပြသာနာဖြီယှင်းခြင်း နှင့် ပတ်သက်၍ ရခိုင်အားလုံးဆန္ဒထုတ်ဖေါ်

ရီပိုင်နက်ပြသာနာဖြီယှင်းခြင်း နှင့် ပတ်သက်၍ ရခိုင်အားလုံးဆန္ဒထုတ်ဖေါ်

လွန်ခရေ နှစ် နှစ်ခန့် လောက်မှစ၍ အငြင်းပွါးနီခသော ဘင်္ဂလား မြန်မာ (ရခိုင်) ရီပိုင်နက် ကိစ္စ ကြောင့် မြန်မာအစိုးရနှင့် ဘင်္ဂလားအစိုးရကြား တင်းမာမှုတိဖြစ်ပွါးနီခရာဘင်္ဂလားဒေ့(ခ်ျ ) အစိုးရ Sheikh Hesina က စစ်ဖြစ်ပွါးမှုကို မလိုလားကြောင်းပြောဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂမှ ၀င်ရောက် ဖြီယှင်းရန် မိတ္တာရပ်ခံခ ပါသည်။ ယင်းပြသာနာကို ကမ္ဘာ့ကုလသမဂ္ဂမှ ကြားဝင်ဖြီယှင်းရာ ဘင်္ဂလားဒေ့(ခ်ျ) မှ တောင်းသည်ထက် ကီလိုမီတာ ၄၀၀၀ ကျော်ပါအောင် တရားစီရင်ဆုံးဖြတ်ခသည်တွိရသည်။ ဤဆုံးယှုံ:မှုသည် ရခိုင် ရို့အတွက် (၂) ကြိမ်နာဖြစ်ရသောကိစ္စဖြစ်ပါသည်။ ဗမာအစိုးရအဆက်ဆက် ရခိုင်ပိုင်နက်များ ရခိုင် ပြည်နယ်နမိတ်များ တခုပြီးတခု ဆှံးယှုံးနီခြင်းသည် ရခိုင်ရို့ အတွက် လုံးဝမခံစားနိုင်သောကိစ္စ ပင်ဖြစ်ပေသည်။ ဤရီပိုင်နက် ဆုံးယှုံသည် ကမ္ဘာ့မျက်နှာစာမှာ အမြင်မကျယ်သော၊ နာမည်ဆိုးဟိနီသော၊အရာရာကို ချဉ်းကပ်လုပ်ဆောင်မှု အားနည်းသော မြန်မာအစိုးရ၏ ညံ့ ဖျင်းမှုကြောင်း ဖြစ်သည်ဟု မိမိရို့မှ လီးနက် စွာထင်မြင်သုံးသပ်ပါသည်။ ယင်းအတူဤရီကြောင်းကိစ္စအတွက် အဆုံးအဖြတ်ပီးခကတ်တေ တရား သူကြီးမျာဒမှာလေည်း သမိုင်း နှင့် ပထ၀ီ အနီအထားကိုသေချာစွာ မလေ့ လာဘဲ ရိုးသား မှုမင်း မဲ့စွာ ဆုံးဖြတ်ခကတ်ကြောင်း မြီပုံအထောက် အထားကို ကြည့်ပြီးထင်မြင် သုံးသပ်နိုင်ပါသည်။ ဘင်္ဂလား ဒေခ်ျအစိုးရအနေ နှင့် မှန်းသည်ထက် ပိုမိုထူးကဲ စွာအောင်မြင်ကြောင်း လူထုယှင်းလင်းပွဲ လုပ်နီကတ် သည်ကိုလည်း ရခိုင်ရို့ အတွက် အထူးဝမ်းနည်းဖွယ် ရာ မြင်တွိနီရသည်။ မြန်မာပြည်တွင် အရည်အခြင်းမဲ့ သော လက်နက်ကိုသာ အားကိုးလုပ်ဆောင်တတ်သော အစိုးရ အုပ်ချုပ်နီသမျှ ၊ ရခိုင်ရို့ ကိုယ့် ကြမ္မာကိုယ် မဖန်တီးနိုင်သမျှ ရခိုင်ပိုင်နယ်နမိတ် တခုပြီးတခု ဆုံးယှုံး လာမည်ဖြစ်ပါသည်။ အနာဂါတ်တွင် ကမ္ဘာ့မြီပြင်ပေါ်မှ ရခိုင်ပြည်ပျောက်ကွယ်လားနိုင်ပါသည်။ ယင်းအ တွက်ကြောင့် မကြာခင်က အဆုံးအဖြတ်ပီးခြင်းခံရသော ရီပိုင်နက် ဆုံးဖြတ်ချက်တိကို ရခိုင်တိ အား လုံး ရောက်ရေနီရာမှ ဆန္ဒပြ ကန့်ကွက်ဖေါ် ထုတ်ပီးကတ်ပါရန် မိမိရို့ရခိုင်အမျိုးသမီးများ အစည်း အရုံး မှ လေးစားစွာနဲ့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး

ရခိုင်ပြည်

ဆက်သွယ်ရန် – ၈၈ ၀ ၁၇၃၂၆၄ ၉၀၀၇

 

Written by

Comment ပီးသူများ သိစီရန်။

လေးဝတီ ၀တ်ဆိုက်တွင် Comment ပီးသူများ၏ ရိုင်းစိုင်းသော အသုံးအနှုန်းများကို တင်ပီးလားဖို့ မဟုတ်ပါ။ ဓမ္မဓိဌါန်ကျကျ အပြန်အလှန်ဆွေးနွေးတင်ပြသော Comment များကိုရာ တင်ပီးလာဖို့ ဖြစ်ပါကြောင်း အသိပီးအပ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါရေ။

Filed under: ကြော်ငြာချက်

Leave a Reply

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>