Articles Comments

လေးဝတီ » အယ်ဒီတာ့အာဘော် » နှစ်သစ်ဆုတောင်း

နှစ်သစ်ဆုတောင်း

အေဒီတာ အာဘော်

ရွက်ကျင်ကြွီလူး…….ရွက်သစ်ဖူးရေ

တာကူးမည်လ………သင်္ကြန်ကျခါ

ရက္ခမဟာ……………ဖပြီဌါနီ

တိုင်းသာကီသား….. အီးချမ်းလားအောင်

လေးဝတီဝိုင်းသား…. ဆုတောင်းထားရေ

တိုင်ခွင်သာလို့ ကျော်စီမင်း………………။

 

ဟေမာန်ရာသီကုန်ဆုံးလို့ ရွက်ကျင်တိ တဝိဝိနန့် ကြွီဗျာယ်ကျကေ ရွက်နုပရစ်ဖူးချေတိ အစီအရီဖူးပွင့်ဝီဆာလာရေ နွီဦးကာလ တနှစ်တာရာသီစက်ဝန်း လည်ပတ်လို့နှစ်သစ် အခါသမယရောက်လာဖို့ တောတိုင်းတောင်တိုင်း ပန်းမျိုးစုံဖူးပွင့်လာဘာရေ မြင်နိန်ရရေမြင်ကွင်းချေတိ နွီပူပူလီရူး တဝှန်ဝှန်ချေနန့် ပူအိုက်တေ ဥတုရာသီထက် နှစ်သစ်ကိုကြို နှစ်ဟောင်းကအညစ်အကြီးတိ ဆီးကြောရေ ရိုးသားချစ်စရာကောင်းရေ ရခိုင်လူမျိုးရို့ ၏ ပကတိရိုးစင်းရေ သင်္ကြန်ပွဲကို ကျင်းပဖို့မြိုံ့ နိန်တောနိန်လူတန်းစားတိ မျက်နှာချေမှာ ဝင်းဝင်းပပ ပပြုံးသသွင်ချေနန့် ပျော်ရွှင်နိန်ဂတ်တေ မဟုတ်ပါလား……….

တချိန်က ဖပြီရက္ခ ဘုရင့်နိုင်ငံတော်ဟိစိုင်ကဆိုကေ ရိုးရာပြိုင်လောင်း ချေတိနန့် သံကျပ်သံတညံညံနန့် လွန်ပင်ပျော်ဖို့ကောင်းရေ ရွှီပြီရခိုင်အလှရေ ကြက်သရီ တက်နိန် ခပါရေ ယင်းအလှနန့်အပြိုင် ရခိုင်သူချေရို့ အလှက စာသလောက်အောင်ပင်ထင်ရှား ခပါသိမ့်ရေ ရပ်ဝီးကရောက်လာရေ စာဆိုတိတောင်…….ချုပ်ညရီတွင်ရုပ်ချည်းမြင်သည် ရှင်သာရခိုင်တန်းဆောင်လော………ဆိုရေစာသားကိုသီကုန်းဖွဲစပ်ခရဘာရေ၊ လှလို့မကျီသိမ့် သင်္ကြန်သုံးရက်မှာ မိဖဖိုးဖွါးတိကို ကျောင်းကိုဝပုဒ်(ဦးပုဒ်)စောင့်စီဖို့ လူကြီးသူမရို့ သီတင်းသီလဆောက်တည်ဖို့ အိမ်မှာကျန်ခရေ သားချေသမီးချေတိက အာရုံးမွန်းတည်း ဆွမ်းချက်ကပ်ပူဇော် လို့ သုံးရက်တိတိ ဗုဒ္ဓဘာသာပီပီ ကုသိုလ်ချေတိ ပြုလုပ်ဂတ်ပါရေ။

နှစ်ဆန်းတရက်နိန့်ကို ရောက်စော်နန့် လူကြီးမိဖဖိုးဖွါးတိကို သက်ကြီးသူအိုပူဇာ ဂါရဝတရားနန့်အညီ ခြီသည်းလက်သည်း ဆံရည်ဦးရည်ဆီးလို့ တနှစ်တာကျူးလွန်မိစွာတိကို ဝန္ဒာမိလို့ တောင်းပန်ကန်တော့ ကြီးစည်သံရေ ရခိုင်ပြီတဝှန်း အီးချမ်းမှုဂုဏ်ကြက်သရီဆောင်စီဖို့ ငြိမ်းညောင်းသာယာသံရေ ရိုးတောင်တဖက်နန့် ဘင်္ဂလာပင်လယ်အော်သို့တိုင် စိမ့်ပျံ့ ပြန့်နှံ့လားခရေဆိုကေ လွန်မိလီဘာဖို့လား……ယင်းနှစ်ဆန်းတရက်နိန့် ကျီစော်နန့် ရီလောင်းပျော်ရွှင် လှီလောင်းဆင်လို့ ပြိုင်ပွဲဝင်ဖို့ ရခိုင်ဘုရင်ဧကရာဇ် ရှိတော်မှောက် သူနိုင်ငါနိုင်အပြိုင်နွဲဂတ်တေ ပပွင့်လလင်း ထိုရွာဒေရပ် နိန်ရာမကျရေ အမြင်ချေတိကို သံကျပ်ထိုးပြုပြင်စီရေ လီသံဟန်ပန် ဌါဏ်၊ကရိုဏ်း၊ဒီဃာ၊ကဗျာ၊လင်္ကာ၊ရတု၊ရကန်၊ဧဲ၊အိုင်၊သာခြင်းရို့ ကို ရသပြောင်မြောက်အောင် အဖွဲ့အနွဲတိရေ ရာဇဝင်မှာ အထင်အရှား စာဆိုရှင်ရို့  ရီးသားခဂတ်စော်တိကို မြင်တွိမှတ်သားရပါရေ မဟုတ်ပါလား……….

ယင်းပိုင်ခေတ်စနစ်ဆိုးတိအောက် ပြားပြားမှောက်လို့ တချိန်က ကြီးကျယ်ခန်းနား တောက်ပြောင်ခရေ ရွှီရောင်သန်းရေ ရခိုင်နိုင်ငံမြို့ ပြအလှတိရေ အမိတ်မှောင်ပတ်ဖုံးရေ မျိုးခြားလက်အောက်မှာ ကျွန်ဘဝနန့်အနိန်ကြာလာရေဆိုခါ သမိုင်းရုပ်ကြွင်းတိ ဝါးမျို ချိုးဖေါက်ခံရလို့ စာပီယာဉ်ကျေးမှု အနုလက်ရာတိ ပျောက်ကွယ်လုနီးပါးဖြိုက်လို့မကျီ ရခိုင်ရိုးရာ မဟာသင်္ကြန်တိပျောက်ကွယ်လုမတတ် ဖြိုက်နိန်ဘာဗျာယ် နယ်နိမိတ်ချင်းထိစပ်နိန်ရေ မျိုးခြားယာဉ်ကျေးမှုတိ တစစီထိုးဖေါက်ဝင်ရောက်လာရေ တားဆီးနိုင်စွမ်းမတတ်သာရေ ဘဝမှာလက်ပိုက်ငေးမှိုင်နိန်ဂတ်ဖို့အစား ပြန်လို့ပြုပြင်ထိမ်းသိမ်းရဖို့ ရခိုင်မသားတိုင်းတာဝန်ဟိနိန်ပါရေ ရခိုင်ပြည်(၁၇)မြို့ နယ် နန့်မတူရေ မောင်တောသင်္ကြန်နန့် အနောက်ဘင်္ဂလာမှာ ဆိုကေ ရခိုင်သင်္ကြန်ကို ဒေဂနိန့်ထိ ထိမ်းသိမ်းနိန်ဂတ်ပါသိမ့်ရေ သင်္ကြန်သုံးရက်မှာ ကျောင်းကန်စေတီပုထိုးတိကို ရီသပ္ပါယ်ထုံးသုတ် ဆွမ်းချက်ဆွမ်းပို့ နှစ်ဆန်းတရက်နိန့်ခါ သက်ကြီးပူဇော် ယင်းနောက်သုံးရက်လွန်မှ ရီးလောင်းမဏ္ဍပ်ဝင်နန့် လွန်ပင်ပျော်ဖို့ချစ်စရာ သင်္ကြန်ရေ ဟိနိန်သိရေ ဆိုစော် ရခိုင်အားလုံးသိအောင် ထိန်းသိမ်းနိုင်အောင် လေးဝတီဝိုင်းတော် သားတိက တဆင့်တင်ပြဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သလိုက်ရပါကြောင်း….။

 

အေဒီတာ

(လေးဝတီသတင်းဌါန)

 

 

Written by

Comment ပီးသူများ သိစီရန်။

လေးဝတီ ၀တ်ဆိုက်တွင် Comment ပီးသူများ၏ ရိုင်းစိုင်းသော အသုံးအနှုန်းများကို တင်ပီးလားဖို့ မဟုတ်ပါ။ ဓမ္မဓိဌါန်ကျကျ အပြန်အလှန်ဆွေးနွေးတင်ပြသော Comment များကိုရာ တင်ပီးလာဖို့ ဖြစ်ပါကြောင်း အသိပီးအပ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါရေ။

Filed under: အယ်ဒီတာ့အာဘော်

Leave a Reply

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>